ပရိသတ်ရရှိဖို့ ရုန်းကန်နေရတဲ့ Quibi

Quibi ဟာ ဧပြီလမှာ စတင်ထွက်ရှိလာပြီးနောက်ပိုင်း ပြိုင်ဘက်တွေအကြား ပရိသတ်ရရှိဖို့ ရုန်းကန်နေရပါတယ်။ Quibi ဟာ ပရိသတ် podcast တွေအကြား လူအများနဲ့ဆက်ဆံရေးအပိုင်းမှာ အတားအဆီးတွေနဲ့ ကြုံတွေ့ရပါတယ်။ ပထမနှစ်အတွင်းမှာ ငွေရင်း၂ ဘီလျံနီးပါး အသုံးပြုထားပါတယ်။ အခုဆိုရင်လည်း သုံးစွဲသူ ဆွဲဆောင်မှုနည်းပါးနေပါတယ်။
သုံးလဆက်တိုက် Quibi လစဉ်ကြေးပေးသွင်းသူ ကျဆင်းတာကို လေ့လာဆန်းစစ်ရေးကုမ္ပဏီ Sensor Tower ကခြေရာခံမိပါတယ်။ ကုမ္ပဏီရဲ့အစီရင်ခံစာအရ Quibi စတင်သုံးစွဲသူက ရက် ၉၀အခမဲ့ သုံးစွဲအပြီး ၉၁၀,၀၀၀ ထဲက ၇၂,၀၀၀ ပဲ ဆက်လက်အသုံးပြုကြပါတယ်။ ဆက်လက်အသုံးပြုမှု ၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။ Disney+ ရဲ့ ၁၁ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် မဆိုဘူးလို့ The Verge ကသုံးသပ်ထားပါတယ်။

စိုးထက်
Ref: AVclub