ပရိသတ်တွေ အကူအညီနဲ့ ဖန်တီးခဲ့တဲ့ Samsung Galaxy S20 FE

Samsung ဟာ ကမ္ဘာတစ်ဝန်း ကပ်ရောဂါဖြစ်ပွားနေတာကြောင့် ဈေးနှုန်းသက်သာပြီး S20 ရဲ့အဆင့်မြင့် feature တွေပါဝင်တဲ့ Galaxy S20 FE ကိုမိတ်ဆက်ခဲ့ပါတယ်။

Samsung S20 FE ဖုန်းကို စက်တင်ဘာ ၂၃ ရက်မှာ ပြုလုပ်ခဲ့တဲ့ တတိယမြောက် Unpacked ပွဲမှာ မိတ်ဆက်ခဲ့ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၀၀ ကျသင့်ပါမယ်။ Samsung က အမေရိကန်၊ ယူကေ၊ ဂျာမနီ၊ ဩစတြေးလျနဲ့ တောင်ကိုရီးယားအတွင်း သုံးစွဲသူစစ်တမ်း ကောက်ယူခဲ့ပါတယ်။ အဲဒီ စစ်တမ်းမှာ ပရိသတ်တွေက ကင်မရာ၊ စွမ်းဆောင်ရည်နဲ့ display ထိပ်တန်း feature ၃ ခု ရွေးချယ်ခဲ့ပါတယ်။

Samsung ဟာ Galaxy S20 FE ထုတ်လုပ်ဖို့ ပရိသတ်အသံကို နားထောင်ပြီး အရောင် ၆ မျိုး ထုတ်လုပ်တဲ့အကြောင်းကို အောက်က ဗီဒီယိုမှာ ဖော်ပြထားပါတယ်။

Galaxy S20 FE မှာ Android 10 အသုံးပြုထားပါတယ်။ အောက်မှာတော့ Galaxy S20 Fan Edition (FE) ဖုန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပုံနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««