ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Willow ဇာတ်ကားအဆက် Disney Plus မှာထွက်ရှိမယ်

Disney ကတော့ Lucasfilm ရဲ့ Willow အဆက်ကို တီဗီစီးရီးပုံစံနဲ့ Disney Plus မှာ ထုတ်လွှင့်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ပထမဆုံးအပိုင်းကိုတော့ Crazy Rich Asians ဒါရိုက်တာ ဂျွန်အမ်ချူးက ရိုက်ကူးပါမယ်။

၁၉၈၈ ခုနှစ်က ထွက်ခဲ့တဲ့ Willow ဇာတ်ကားဟာ စတင် ထွက်ရှိကတည်းက နောက်ဆက်တွဲ ဇာတ်ကားတွေ မထွက်ရှိတာ ဖြစ်ပါတယ်။ Willow ကိုမှီငြမ်းထားတဲ့ ဝတ္ထုတွေနဲ့ ကောမစ်တွေပဲ ထွက်ခဲ့ပါတယ်။ မူလဇာတ်ကားကိုလည်း Disney Plus မှာလွှင့်နေပါတယ်။

ရွန်ဟောင်းဝပ် ရိုက်ခဲ့တဲ့ Willow ဟာ ပထမဆုံး စတင်ပြသချိန်မှာ အလွန်အောင်မြင်ခဲ့တဲ့ စိတ်ကူးယဉ်စွန့်စားခန်း ရုပ်ရှင် ဖြစ်ပါတယ်။

-စိုးထက်
Ref: TheVerge