ပယ်ရီစကုပ်ကင်မရာ ပါဝင်လာတဲ့ Xiaomi Mi 10 Youth

Xiaomi ဟာ ပယ်ရီစကုပ်ပါဝင်လာတဲ့ ကုမ္ပဏီရဲ့ ပထမဆုံးဖုန်းဖြစ်တဲ့ Mi 10 Youth 5G ကိုတရားဝင်မိတ်ဆက်လိုက်ပါတယ်။ အဲဒီကင်မရာမှာ 50x zoom ပါဝင်လာပါတယ်။ ဖုန်းမှာ Snapdragon 765G chipset ပါဝင်လာပြီး ဒေါ်လာ ၃၀၀လောက်ပဲ ကျသင့်မှာပါ။

Xiaomi Mi 10 Youth 5G ဖုန်းက Mi 10 Lite 5G ဖုန်းနဲ့ အတော်ဆင်ပါတယ်။ မျက်နှာပြင် ၆.၅၇လက်မ AMOLED panel နဲ့အတူ fingerprint scanner ပါဝင်လာပါတယ်။ ရုပ်ထွက်အရည်အသွေးကတော့ Full HD+ ဖြစ်ပြီး 180Hz touch sampling rate ထောက်ပံ့ထားပါတယ်။

Mi 10 Youth 5G ဖုန်းမှာ 8MP telephoto ကင်မရာနဲ့အတူ ပယ်ရီစကုပ် lens အသုံးပြုထားတာကြောင့် 5x optical zoom နဲ့ 50x hybrid zoom ပါဝင်လာပါတယ်။ ဒါ့အပြင် OIS လည်းပါဝင်တာကြောင့် aperture နဲ့ပုံကို အသေးစိတ်ပုံဖော်ပေးနိုင်ပါတယ်။

Xiaomi Mi Youth 5G အဓိကင်မရာက 48MP f/1.8 ကင်မရာနဲ့အတူ ½”sensor, 8MP ultrawide ကင်မရာနဲ့အတူ ၁၂၀ဒီဂရီ FoV နဲ့ f/2.2 lens နဲ့ 2MP macro တို့ပါဝင်လာပါတယ်။ ဗီဒီယိုတွေကို 4K နဲ့ 30fps အထိရိုက်ကူးနိုင်ပြီး slow-mo ဗီဒီယိုတွေကိုတော့ 960 fps နဲ့ 720p နဲ့ရိုက်နိုင်ပါတယ်။

ရှေ့ကင်မရာကတော့ ရေစက်ပုံစံထဲမှာ 16MP ထည့်သွင်းထားပါတယ်။

ဘက်ထရီကတော့ 4,160mAh အမျိုးအစားဖြစ်ပြီး 2.5W အားသွင်မြန်ဆန်တဲ့စနစ်ပါဝင်လာပါတယ်။ Xiaomi ဟာ Mi 10 Yoth 5G နဲ့အတူ Android 10 အခြေခံ MIUI 12 ကိုမိတ်ဆက်လိုက်ပါတယ်။ ဒါပေမဲ့ MIUI 11 ပဲ Xiaomi Mi Youth 5G မှာ ပါဝင်လာပါမယ်။

Xiaomi Mi Youth ဖုန်းကို မေ ၄ ရက်မှာ flash sale ပုံစံနဲ့ စတင်ရောင်းချမယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena

Facebook မှာ နောက်ဆုံးရ နိုင်ငံတကာနဲ့ ပြည်တွင်းက နည်းပညာသတင်းတွေ၊ ပညာရေးသတင်းတွေ ဖတ်ချင်ရင် https://www.facebook.com/InternetJournal ကို like လုပ်ထားဖို့တော့ လိုမယ်နော်…