ပယ္ရီစကုတ္ ကင္မရာနည္းပညာ

[ Zawgyi ]

ပယ္ရီစကုတ္ (Periscope) ကင္မရာနည္းပညာကို ခုေနာက္ပိုင္းထြက္ရွိလာတဲ့ Flagship ေမာ္ဒယ္ High-end စမတ္ဖုန္းေတြမွာ အၿပိဳင္အဆိုင္အေနနဲ႔ ထည့္သြင္း အသုံးျပဳလာၾကပါတယ္။ ဒီနည္းပညာက သုံးစြဲသူေတြကို ဖုန္းကင္မရာသုံးၿပီး 5x optical ကေန 50x ဒီဂ်စ္တယ္ Zoom အေနနဲ႔ အေ၀းက ပံုရိပ္ေတြကို မူလအရည္အေသြးအတုိင္း ေကာင္းမြန္တဲ့႐ုပ္ထြက္နဲ႔ ဆြဲယူ႐ိုက္ကူးႏုိင္ေစပါတယ္။

ဒီကင္မရာစနစ္ တစ္ခုလုံးထဲမွာ ပယ္ရီစကုတ္မွန္ဘီလူးကို ပုံမွန္ ထည့္သြင္းအသုံးျပဳေလ့ရွိတဲ့ အဓိကမွန္ဘီလူးတစ္ခု အေနနဲ႔ မတူကြဲျပားစြာ ထည့္သြင္း အသုံးျပဳထားတာလည္းျဖစ္ပါတယ္။ ပယ္ရီစကုတ္ ကင္မရာမွန္ဘီလူးကို ေမာ္ဂ်ဴးတစ္ခုအေနနဲ႔ ထည့္သြင္းထားတာျဖစ္ၿပီး အျခားကင္မရာ မွန္ဘီလူး ၃ ခုနဲ႔ ယွဥ္တြဲၿပီး ထည့္သြင္းအသုံးျပဳထားတာ ျဖစ္တဲ့အျပင္ ကင္မရာ ၃ ခုလုံးပူးေပါင္းကာ လုပ္ေဆာင္ႏုိင္ဖို႔ ဖန္တီးထားတာလည္းျဖစ္ပါတယ္။

ဒီကင္မရာစနစ္မွာ ပယ္ရီစကုတ္မွန္ဘီလူးကို ေရွ႕ဆုံးမွာ ထားရွိၿပီး ပယ္ရီစကုတ္မွန္ဘီလူး ကတစ္ဆင့္ ျဖတ္ေက်ာ္လာတဲ့ ပုံရိပ္ကို တယ္လီဖိုတိုမွန္ဘီလူး ဆင္ဆာေပၚကို ပို႔ေဆာင္တာ ျဖစ္ပါတယ္။ ပယ္ရီစကုတ္မွန္ဘီလူးရဲ႕ ကပ္လ်က္မွာ တယ္လီဖိုတို မွန္ဘီလူးကို တပ္ဆင္ထားၿပီး သူနဲ႔ကပ္လ်က္မွာ တယ္လီဖိုတို ပုံရိပ္ဖမ္း Image processor ကို တပ္ဆင္အသုံးျပဳ ထားတာျဖစ္ပါတယ္။

ဒီကင္မရာစနစ္ ၃ ခုမွ ေပါင္းစပ္ပုံေဖာ္မႈကေန သဘာဝပုံရိပ္ရဲ႕ မူလအေရာင္အေသြး ႐ုပ္ထြက္အတုိင္း အေ၀းက ပုံရိပ္ေတြကို 5x optical ဒါမွမဟုတ္ 50x ဒီဂ်စ္တယ္ Zoom အေနနဲ႔ ဆြဲယူ႐ိုက္ကူးတာ ျဖစ္ပါတယ္။

ဒီနည္းပညာကို ပထမဆုံး flagship စမတ္ဖုန္းမွာ ထည့္သြင္း အသုံးျပဳခဲ့တာကေတာ့ Huawei ျဖစ္ပါတယ္။ Huawei က သူရဲ႕ P30 Pro ေမာ္ဒယ္စမတ္ဖုန္းမွာ စတင္ အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။ ခုေနာက္ပိုင္းမွာေတာ့ ပယ္ရီစကုတ္နည္းပညာ အသုံးျပဳထားတဲ့ High-end စမတ္ဖုန္းေတြကို ေစ်းကြက္ထဲမွာ ေရြးခ်ယ္၀ယ္ယူႏုိင္ၿပီ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

ပယ်ရီစကုတ် (Periscope) ကင်မရာနည်းပညာကို ခုနောက်ပိုင်းထွက်ရှိလာတဲ့ Flagship မော်ဒယ် High-end စမတ်ဖုန်းတွေမှာ အပြိုင်အဆိုင်အနေနဲ့ ထည့်သွင်း အသုံးပြုလာကြပါတယ်။ ဒီနည်းပညာက သုံးစွဲသူတွေကို ဖုန်းကင်မရာသုံးပြီး 5x optical ကနေ 50x ဒီဂျစ်တယ် Zoom အနေနဲ့ အဝေးက ပုံရိပ်တွေကို မူလအရည်အသွေးအတိုင်း ကောင်းမွန်တဲ့ရုပ်ထွက်နဲ့ ဆွဲယူရိုက်ကူးနိုင်စေပါတယ်။

ဒီကင်မရာစနစ် တစ်ခုလုံးထဲမှာ ပယ်ရီစကုတ်မှန်ဘီလူးကို ပုံမှန် ထည့်သွင်းအသုံးပြုလေ့ရှိတဲ့ အဓိကမှန်ဘီလူးတစ်ခု အနေနဲ့ မတူကွဲပြားစွာ ထည့်သွင်း အသုံးပြုထားတာလည်းဖြစ်ပါတယ်။ ပယ်ရီစကုတ် ကင်မရာမှန်ဘီလူးကို မော်ဂျူးတစ်ခုအနေနဲ့ ထည့်သွင်းထားတာဖြစ်ပြီး အခြားကင်မရာ မှန်ဘီလူး ၃ ခုနဲ့ ယှဉ်တွဲပြီး ထည့်သွင်းအသုံးပြုထားတာ ဖြစ်တဲ့အပြင် ကင်မရာ ၃ ခုလုံးပူးပေါင်းကာ လုပ်ဆောင်နိုင်ဖို့ ဖန်တီးထားတာလည်းဖြစ်ပါတယ်။

ဒီကင်မရာစနစ်မှာ ပယ်ရီစကုတ်မှန်ဘီလူးကို ရှေ့ဆုံးမှာ ထားရှိပြီး ပယ်ရီစကုတ်မှန်ဘီလူး ကတစ်ဆင့် ဖြတ်ကျော်လာတဲ့ ပုံရိပ်ကို တယ်လီဖိုတိုမှန်ဘီလူး ဆင်ဆာပေါ်ကို ပို့ဆောင်တာ ဖြစ်ပါတယ်။ ပယ်ရီစကုတ်မှန်ဘီလူးရဲ့ ကပ်လျက်မှာ တယ်လီဖိုတို မှန်ဘီလူးကို တပ်ဆင်ထားပြီး သူနဲ့ကပ်လျက်မှာ တယ်လီဖိုတို ပုံရိပ်ဖမ်း Image processor ကို တပ်ဆင်အသုံးပြု ထားတာဖြစ်ပါတယ်။

ဒီကင်မရာစနစ် ၃ ခုမှ ပေါင်းစပ်ပုံဖော်မှုကနေ သဘာဝပုံရိပ်ရဲ့ မူလအရောင်အသွေး ရုပ်ထွက်အတိုင်း အဝေးက ပုံရိပ်တွေကို 5x optical ဒါမှမဟုတ် 50x ဒီဂျစ်တယ် Zoom အနေနဲ့ ဆွဲယူရိုက်ကူးတာ ဖြစ်ပါတယ်။

ဒီနည်းပညာကို ပထမဆုံး flagship စမတ်ဖုန်းမှာ ထည့်သွင်း အသုံးပြုခဲ့တာကတော့ Huawei ဖြစ်ပါတယ်။ Huawei က သူရဲ့ P30 Pro မော်ဒယ်စမတ်ဖုန်းမှာ စတင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ပယ်ရီစကုတ်နည်းပညာ အသုံးပြုထားတဲ့ High-end စမတ်ဖုန်းတွေကို စျေးကွက်ထဲမှာ ရွေးချယ်ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။