ပန်းထိမ်အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ၂၀၀ ကျပ်တန် ရောင်းချမည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သုခုမ အနုပညာပန်းဆယ်မျိုးမှာ အပါအဝင်ဖြစ်တဲ့ ပန်းထိမ် အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ် ခေါင်းသစ် ၂၀၀ ကျပ်တန် တစ်မျိုးကို သြဂုတ် ၇ ရက်၊ နံနက် ၉ နာရီခွဲမှ စတင်ကာ နေပြည်တော် ဗဟိုစာတိုက် ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး တို့နဲ့ တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်တွေမှာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

တံဆိပ်ခေါင်းသစ်ကို မြန်မာ့ယဥ်ကျေးမှု သုခုမ အနုပညာရပ်တွေကို မျိုးဆက်သစ် လူငယ်တွေအကြား ပိုမိုသိရှိအလေးထားစေရန် ရည်ရွယ်ကာ ထုတ်လုပ်ခြင်း ဖြစ်ကြောင်း၊ အထူးအစီအစဥ်တစ်ရပ် အနေနဲ့ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတွေမှာ သြဂုတ် ၇ က်မှာ ဝယ်ယူတဲ့စာပို့တံဆိပ်ခေါင်းတွေနဲ့ ပထမနေ့ စာအိတ် (Firstday Cover) တွေပေါ်မှာ နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးမှာ ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် အဖြစ် ထုတ်ဝေတဲ့ ရုပ်လုံးကြွ ဒီဇိုင်းကတ်တွေကို တစ်ပါတည်း ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ