ပန္ကာမပါဝင္တဲ့ laptop ေတြမွာ ဘက္ထရီနဲ႔ ၁၆ နာရီသံုးႏိုင္ေစမယ့္ Intel ရဲ႕ Core ပ႐ိုဆက္ဆာအသစ္

Intel ဟာ ပန္ကာမပါဝင္တဲ့ laptop အသစ္ေတြမွာ ဘက္ထရီကို ၁၆ နာရီၾကာအထိ အသံုးျပဳႏိုင္ေစမယ့္ အ႒မေျမာက္မ်ိဳးဆက္ Intel Core ပ႐ိုဆက္ဆာအသစ္ေတြကို မိတ္ဆက္ခဲ့ပါတယ္။

Intel ရဲ႕ U-series နဲ႔ Y-series ပ႐ိုဆက္ဆာေတြကုိ ပါးလႊာေပါ့ပါးတဲ့ laptop ေတြနဲ႔ laptop-tablet ႏွစ္မ်ိဳးေပါင္းစပ္ ထုတ္ကုန္ေတြအတြက္ ဒီဇိုင္းထုတ္ထားပါတယ္။ အဲဒီ laptop ေတြဟာ ငါးႏွစ္သက္တမ္းရွိၿပီ ျဖစ္တဲ့ laptop ေတြထက္ ပုိမိုျမန္ဆန္ပါတယ္။ ဒါ့အျပင္ ခ်ိတ္ဆက္မႈ ျမန္ဆန္သလုိ ဘက္ထရီသက္တမ္း ပုိမိုတာရွည္ခံၿပီး Amazon Alexa လိုမ်ိဳး ဝန္ေဆာင္မႈလည္း ပိုမိုတုိးတက္လာပါတယ္။

“Intel အေနနဲ႔ PC ကုိ အသြင္ေျပာင္းဖို႔ အၿမဲတမ္း ႀကိဳးစားေနပါတယ္။ အေျခခံအားျဖင့္ လူေတြရဲ႕ ကြန္ပ်ဴတာအသုံးျပဳပံု နည္းလမ္းကို ေျပာင္းလဲေနပါတယ္” လို႔ ေဈးကြက္ရွာေဖြေရး notbook platform ဒါ႐ိုက္တာ ကာရန္ရီဂစ္က ေျပာပါတယ္။

Intel ခ်စ္အသစ္ေတြပါဝင္တဲ့ ထုတ္ကုန္သစ္ေတြကုိလည္း ထုတ္ျပန္သြားမွာ ျဖစ္ပါတယ္။ Intel ဟာ အခုထုတ္ျပန္ခ်က္ကုိ ဘာလင္မွာျပဳလုပ္ေနတဲ့ နည္းပညာကုန္စည္ျပပြဲ IFA မွာေၾကညာခဲ့ပါတယ္။ Intel ရဲ႕ ပ႐ိုဆက္ဆာအသစ္ေတြဟာ ပထမဆုံးအႀကိမ္အျဖစ္ ပါးလႊာေပါ့ပါးတဲ့ laptop ေတြမွာ ထည့္သြင္းထားတဲ့ Gigabit Wi-Fi နဲ႔ Wi-Fi ခ်ိတ္ဆက္မႈကို ၁၂ ဆအထိ ျမွင့္တင္ေပးႏိုင္မယ္လို႔ ကုမၸဏီကေျပာခဲ့ပါတယ္။ အဲဒီ laptop ခ်စ္ပ္ေတြဟာ အရင္ laptop ေတြေပၚက ေပါ့ပါးတဲ့ content ဖန္တီးတာနဲ႔ ေန႔စဥ္အင္တာနက္အသုံးျပဳမႈ လုပ္ေဆာင္ခ်က္ေတြကုိ ႏွစ္ဆအထိ တုိးျမႇင့္ေပးႏိုင္ပါတယ္။

အဲ့ဒီ စြမ္းေဆာင္ရည္နဲ႔ ခ်ိတ္ဆက္မႈေၾကာင့္ စားသုံးသူေတြက စိတ္ႀကိဳက္ တီဗီအစီအစဥ္နဲ႔ ႐ုပ္ရွင္ကို ၁ မိနစ္ အတြင္း download ျပဳလုပ္ႏိုင္ပါတယ္။ ဒါ့အျပင္ 4K 360 ဗီဒီယိုေတြကုိ ဖန္တီး၊ တည္းျဖတ္ၿပီး ေဝမွ်ရာမွာ အရင္ကထက္ ၆.၅ ဆ ျမန္ဆန္လာမွာျဖစ္သလုိ World of Warcraft: Battle for Azeroth နဲ႔ World of Tanks လိုမ်ိဳးဂိမ္းေတြ ကစားတာ ဒါမွမဟုတ္ stream လုပ္တာမ်ိဳးေတြ ျပဳလုပ္ႏိုင္ပါတယ္။

U-series ေတြေပၚမွာ voice ဝန္ေဆာင္မႈေတြ အမ်ိဳးမ်ိဳး ေထာက္ပံ့တဲ့အခါ တိုးတက္မႈရွိသလို Y-series မွာေတာ့ touch နဲ႔ stylus option ေတြ တိုးတက္လာပါတယ္။ အဲဒီပ႐ိုဆက္ဆာေတြမွာ 15-watt စြမ္းအင္ရွိၿပီး core ၄ ခုနဲ႔ thread ၈ ခု ပါဝင္လာပါတယ္။ ဒါ့အျပင္ Intel ဟာ ပုိမိုျမန္ဆန္တဲ့ ေဝမွ်မႈနဲ႔ streaming နဲ႔ downloading အတြက္ Intel Wireless-AC နဲ႔ Gigabit Wi-Fi ကုိ ေပါင္းစည္းထည့္သြင္းမႈကို ေထာက္ပံ့ထားပါေသးတယ္။

Intel LTE mode option ေတြနဲ႔ တြဲဖက္အသုံးျပဳမယ္ဆိုရင္ ပုိမိုျမန္ဆန္တဲ့ ခ်ိတ္ဆက္မႈကို ရရွိမွာျဖစ္ပါတယ္။ U-series ပ႐ိုဆက္ဆာေတြပါဝင္တဲ့ laptop ေတြနဲ႔ 2-in-1 ထုတ္ကုန္ေတြဟာ အားတစ္ခါသြင္း႐ုံနဲ႔ ၁၆ နာရီ ဘက္ထရီသက္တမ္းကုိ ရရွိႏိုင္ၿပိး စြမ္းအင္ကုိ optimize လုပ္ေပးႏိုင္တဲ့ ထုတ္ကုန္ေတြမွာဆိုရင္ ၁၉ နာရီအထိ အသုံးျပဳႏိုင္ပါတယ္။

အဲဒီခ်စ္ပ္ေတြ ပါဝင္တဲ့ ထုတ္ကုန္ေတြဟာ ဒီႏွစ္ေႏွာင္းပုိင္းမွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။ တခ်ိဳ႕ laptop ေတြကေတာ့ အထူ ၇ မီလီမီတာနဲ႔ အေလးခ်ိန္ တစ္ေပါင္ေက်ာ္ပဲ ရွိတယ္လို႔ Intel ကေျပာခဲ့ပါတယ္။

စိုးထက္
Ref: VentureBeat

[ Unicode ]

Intel ဟာ ပန်ကာမပါဝင်တဲ့ laptop အသစ်တွေမှာ ဘက်ထရီကို ၁၆ နာရီကြာအထိ အသုံးပြုနိုင်စေမယ့် အဋ္ဌမမြောက်မျိုးဆက် Intel Core ပရိုဆက်ဆာအသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။

Intel ရဲ့ U-series နဲ့ Y-series ပရိုဆက်ဆာတွေကို ပါးလွှာပေါ့ပါးတဲ့ laptop တွေနဲ့ laptop-tablet နှစ်မျိုးပေါင်းစပ် ထုတ်ကုန်တွေအတွက် ဒီဇိုင်းထုတ်ထားပါတယ်။ အဲဒီ laptop တွေဟာ ငါးနှစ်သက်တမ်းရှိပြီ ဖြစ်တဲ့ laptop တွေထက် ပိုမိုမြန်ဆန်ပါတယ်။ ဒါ့အပြင် ချိတ်ဆက်မှု မြန်ဆန်သလို ဘက်ထရီသက်တမ်း ပိုမိုတာရှည်ခံပြီး Amazon Alexa လိုမျိုး ဝန်ဆောင်မှုလည်း ပိုမိုတိုးတက်လာပါတယ်။

“Intel အနေနဲ့ PC ကို အသွင်ပြောင်းဖို့ အမြဲတမ်း ကြိုးစားနေပါတယ်။ အခြေခံအားဖြင့် လူတွေရဲ့ ကွန်ပျူတာအသုံးပြုပုံ နည်းလမ်းကို ပြောင်းလဲနေပါတယ်” လို့ ဈေးကွက်ရှာဖွေရေး notbook platform ဒါရိုက်တာ ကာရန်ရီဂစ်က ပြောပါတယ်။

Intel ချစ်အသစ်တွေပါဝင်တဲ့ ထုတ်ကုန်သစ်တွေကိုလည်း ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ Intel ဟာ အခုထုတ်ပြန်ချက်ကို ဘာလင်မှာပြုလုပ်နေတဲ့ နည်းပညာကုန်စည်ပြပွဲ IFA မှာကြေညာခဲ့ပါတယ်။ Intel ရဲ့ ပရိုဆက်ဆာအသစ်တွေဟာ ပထမဆုံးအကြိမ်အဖြစ် ပါးလွှာပေါ့ပါးတဲ့ laptop တွေမှာ ထည့်သွင်းထားတဲ့ Gigabit Wi-Fi နဲ့ Wi-Fi ချိတ်ဆက်မှုကို ၁၂ ဆအထိ မြှင့်တင်ပေးနိုင်မယ်လို့ ကုမ္ပဏီကပြောခဲ့ပါတယ်။ အဲဒီ laptop ချစ်ပ်တွေဟာ အရင် laptop တွေပေါ်က ပေါ့ပါးတဲ့ content ဖန်တီးတာနဲ့ နေ့စဉ်အင်တာနက်အသုံးပြုမှု လုပ်ဆောင်ချက်တွေကို နှစ်ဆအထိ တိုးမြှင့်ပေးနိုင်ပါတယ်။

အဲ့ဒီ စွမ်းဆောင်ရည်နဲ့ ချိတ်ဆက်မှုကြောင့် စားသုံးသူတွေက စိတ်ကြိုက် တီဗီအစီအစဉ်နဲ့ ရုပ်ရှင်ကို ၁ မိနစ် အတွင်း download ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် 4K 360 ဗီဒီယိုတွေကို ဖန်တီး၊ တည်းဖြတ်ပြီး ဝေမျှရာမှာ အရင်ကထက် ၆.၅ ဆ မြန်ဆန်လာမှာဖြစ်သလို World of Warcraft: Battle for Azeroth နဲ့ World of Tanks လိုမျိုးဂိမ်းတွေ ကစားတာ ဒါမှမဟုတ် stream လုပ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

U-series တွေပေါ်မှာ voice ဝန်ဆောင်မှုတွေ အမျိုးမျိုး ထောက်ပံ့တဲ့အခါ တိုးတက်မှုရှိသလို Y-series မှာတော့ touch နဲ့ stylus option တွေ တိုးတက်လာပါတယ်။ အဲဒီပရိုဆက်ဆာတွေမှာ 15-watt စွမ်းအင်ရှိပြီး core ၄ ခုနဲ့ thread ၈ ခု ပါဝင်လာပါတယ်။ ဒါ့အပြင် Intel ဟာ ပိုမိုမြန်ဆန်တဲ့ ဝေမျှမှုနဲ့ streaming နဲ့ downloading အတွက် Intel Wireless-AC နဲ့ Gigabit Wi-Fi ကို ပေါင်းစည်းထည့်သွင်းမှုကို ထောက်ပံ့ထားပါသေးတယ်။

Intel LTE mode option တွေနဲ့ တွဲဖက်အသုံးပြုမယ်ဆိုရင် ပိုမိုမြန်ဆန်တဲ့ ချိတ်ဆက်မှုကို ရရှိမှာဖြစ်ပါတယ်။ U-series ပရိုဆက်ဆာတွေပါဝင်တဲ့ laptop တွေနဲ့ 2-in-1 ထုတ်ကုန်တွေဟာ အားတစ်ခါသွင်းရုံနဲ့ ၁၆ နာရီ ဘက်ထရီသက်တမ်းကို ရရှိနိုင်ပြိး စွမ်းအင်ကို optimize လုပ်ပေးနိုင်တဲ့ ထုတ်ကုန်တွေမှာဆိုရင် ၁၉ နာရီအထိ အသုံးပြုနိုင်ပါတယ်။

အဲဒီချစ်ပ်တွေ ပါဝင်တဲ့ ထုတ်ကုန်တွေဟာ ဒီနှစ်နှောင်းပိုင်းမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ တချို့ laptop တွေကတော့ အထူ ရ မီလီမီတာနဲ့ အလေးချိန် တစ်ပေါင်ကျော်ပဲ ရှိတယ်လို့ Intel ကပြောခဲ့ပါတယ်။

စိုးထက်
Ref: VentureBeat