ပထမအႀကိမ္ Android Devlopers Conference 2019 က်င္းပမည္

[ Zawgyi ]

ျမန္မာနိုင္ငံမွာ ပထမဆံုးအႀကိမ္အျဖစ္ Android Devlopers Conference 2019 ကို ဇူလိုင္ ၉ ရက္၊ နံနက္ ၈ နာရီမွ ညေန ၆ နာရီအထိ ေတာ္၀င္ဂါးဒင္းဟိုတယ္မွာ က်င္းပသြားမွာျဖစ္ပါတယ္။

နည္းပညာနဲ႔ပတ္သက္တဲ့ ႏုိင္ငံျခားကုမၸဏီေတြျဖစ္တဲ့ Google, Gojek, LINE Thailand, Athena Dynamics Pte ltd က နည္းပညာရွင္ေတြနဲ႔ ျပည္တြင္း Software Devlopment ကုမၼဏီႀကီးေတြျဖစ္တဲ႔ nexlabs, Wave money, Gusto College, Codigo Myanmar, Global New Wave Techonology, Bizleap Techonology က နည္းပညာရွင္ေတြက လာေရာက္ ေဆြးေႏြးေပးသြားမွာျဖစ္ပါတယ္။

အဆိုပါ အခမ္းအနားကို ျမန္မာနိုင္ငံအျပင္ ထိုင္း၊ ဗီယက္နမ္နဲ႔ စင္ကာပူႏိုင္ငံေတြမွာလည္း ျပဳလုပ္မွာျဖစ္ၿပီး ျမန္မာႏုိင္ငံမွာ ပထမဆံုးအႀကိမ္ျပဳလုပ္တာ ျဖစ္တယ္လို႔ဆိုပါတယ္။ Android Devlopers Conference 2019 မွာ Sessions (၂၀) ခု၊ လက္ေတြ႕လိုက္ပါလုပ္ေဆာင္ႏိုင္မယ့္ Code lab ,workshop ေလးခု ပါရွိမွာ ျဖစ္ပါတယ္။ တက္ေရာက္လာတဲ့သူေတြ ကိုယ္တိုင္ နည္းပညာဖလွယ္နိင္မယ့္ အစီအစဥ္ေတြလည္း ပါဝင္တယ္လို႔ သိရပါတယ္။

“ႏိုင္ငံတကာက ပညာရွင္ေတြလာမယ္၊ အဓိကက နည္းပညာကို စိတ္ဝင္စားတဲ႔လူငယ္ေတြနဲ႔ စီးပြားေရး လုပ္ငန္းရွင္ေတြအတြက္ေရာ ၿပီးေတာ့ ႏိုင္ငံရဲ႕ ဖြံ႔ၿဖိဳးတိုးတက္မႈအပိုင္းမွာ digital economy က အေရးပါတဲ့ အတြက္ ဒီပြဲကေန အခ်ိတ္အဆက္ေကာင္းေတြနဲ႔ တီထြင္မႈေတြ လုပ္ေဆာင္နိုင္မယ္႔ အခြင့္အေရးေတြ ဖန္တီး ေပးနိုင္ဖို႔ ရည္ရြယ္တာပါ”လို႔ Droid Yangon Director of Event and Operation ျဖစ္သူ ကိုရဲလင္းေဝ က ေျပာပါတယ္။

ပြဲအတြက္ ဝင္ခြင့္လက္မွတ္တစ္ေစာင္ကို ျမန္မာေငြက်ပ္ ၂၀,၀၀၀ (ႏွစ္ေသာင္း) က်ပ္ သတ္မွတ္ထားၿပီး ရန္ကုုန္ၿမိဳ႕ရွိ Andana ဆိုင္ေတြျဖစ္တဲ့ စံရိပ္ျငိမ္ဂမုန္းပြင္႔ ၊ Junction (8) နဲ႔ Junction square ေက်ာက္တံတားဆိုင္ခြဲမွာ ဝယ္ယူနိုင္မွာျဖစ္ပါတယ္။ ဒါ႔အျပင္ Myanpwel ၀က္ဘ္ဆိုက္ကေနတစ္ဆင့္ e ticket ေတြလည္း ဝယ္ယူနိုင္မွာ ျဖစ္ပါတယ္။ ေက်ာင္းသား၊ ေက်ာင္းသူေတြ အေနနဲ႔ ေျမနီကုန္းရွိ Guesto ေကာလိပ္မွာ ေက်ာင္းသားကတ္ျပၿပီး (၁၅,၀၀၀) က်ပ္နဲ႔ ဝယ္ယူရႏိုင္ေအာင္စီစဥ္ေပးထားတယ္လုိ႔သိရပါတယ္။

ျမန္မာနိုင္ငံမွာ ပထမဆံုးအႀကိမ္က်င္းပမယ့္ ဒီနည္းပညာျပပြဲအတြက္ AYA bank, Wave Money, Gusto College တျခားနည္းပညာနဲ႔ ဆက္စပ္လုပ္ငန္းစုေတြကေန ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။

-ေဝေဝ

[ Unicode ]

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် Android Devlopers Conference 2019 ကို ဇူလိုင် ၉ ရက်၊ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

နည်းပညာနဲ့ပတ်သက်တဲ့ နိုင်ငံခြားကုမ္ပဏီတွေဖြစ်တဲ့ Google, Gojek, LINE Thailand, Athena Dynamics Pte ltd က နည်းပညာရှင်တွေနဲ့ ပြည်တွင်း Software Devlopment ကုမ္မဏီကြီးတွေဖြစ်တဲ့ nexlabs, Wave money, Gusto College, Codigo Myanmar, Global New Wave Techonology, Bizleap Techonology က နည်းပညာရှင်တွေက လာရောက် ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံအပြင် ထိုင်း၊ ဗီယက်နမ်နဲ့ စင်ကာပူနိုင်ငံတွေမှာလည်း ပြုလုပ်မှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ပြုလုပ်တာ ဖြစ်တယ်လို့ဆိုပါတယ်။ Android Devlopers Conference 2019 မှာ Sessions (၂၀) ခု၊ လက်တွေ့လိုက်ပါလုပ်ဆောင်နိုင်မယ့် Code lab ,workshop လေးခု ပါရှိမှာ ဖြစ်ပါတယ်။ တက်ရောက်လာတဲ့သူတွေ ကိုယ်တိုင် နည်းပညာဖလှယ်နိင်မယ့် အစီအစဉ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

“နိုင်ငံတကာက ပညာရှင်တွေလာမယ်၊ အဓိကက နည်းပညာကို စိတ်ဝင်စားတဲ့လူငယ်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအတွက်ရော ပြီးတော့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ digital economy က အရေးပါတဲ့ အတွက် ဒီပွဲကနေ အချိတ်အဆက်ကောင်းတွေနဲ့ တီထွင်မှုတွေ လုပ်ဆောင်နိုင်မယ့် အခွင့်အရေးတွေ ဖန်တီး ပေးနိုင်ဖို့ ရည်ရွယ်တာပါ”လို့ Droid Yangon Director of Event and Operation ဖြစ်သူ ကိုရဲလင်းဝေ က ပြောပါတယ်။

ပွဲအတွက် ဝင်ခွင့်လက်မှတ်တစ်စောင်ကို မြန်မာငွေကျပ် ၂၀,၀၀၀ (နှစ်သောင်း) ကျပ် သတ်မှတ်ထားပြီး ရန်ကုုန်မြို့ရှိ Andana ဆိုင်တွေဖြစ်တဲ့ စံရိပ်ငြိမ်ဂမုန်းပွင့် ၊ Junction (8) နဲ့ Junction square ကျောက်တံတားဆိုင်ခွဲမှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Myanpwel ၀က်ဘ်ဆိုက်ကနေတစ်ဆင့် e ticket တွေလည်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ မြေနီကုန်းရှိ Guesto ကောလိပ်မှာ ကျောင်းသားကတ်ပြပြီး (၁၅,၀၀၀) ကျပ်နဲ့ ဝယ်ယူရနိုင်အောင်စီစဉ်ပေးထားတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပမယ့် ဒီနည်းပညာပြပွဲအတွက် AYA bank, Wave Money, Gusto College တခြားနည်းပညာနဲ့ ဆက်စပ်လုပ်ငန်းစုတွေကနေ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။