[ Zawgyi ]
Riot Games ရဲ႕ Twitch channel ဟာ platform ေပၚမွာ စုစုေပါင္း ၾကည့္႐ႈသူ ၁ ဘီလ်ံအထိ ရွိလာခဲ့ၿပီး သမိုင္းတစ္ေလွ်ာက္ ၾကည့္႐ႈသူအမ်ားဆုံး ပထမဆုံး channel ျဖစ္လာတယ္လို႔ ထုတ္ျပန္သြားခဲ့ပါတယ္။
Riot Games ဟာ League of Legends (LoL) ကိုဖန္တီးတဲ့ ဂိမ္းကုမၸဏီျဖစ္ၿပီး ၂၀၀၉ ခုႏွစ္၊ ေအာက္တုိဘာလ ၂၇ ရက္မွာ ပထမဆုံး ထြက္ရွိလာတဲ့ နာမည္ေက်ာ္ multiplayer online battle arena (MOBA) ဂိမ္းျဖစ္ပါတယ္။ League of Legends ဟာ Twitch ရဲ႕ထုတ္လႊင့္မႈအမ်ားဆုံး ဂိမ္းေတြထဲက တစ္ခုအျဖစ္ မၾကာခဏ ေဖာ္ျပခံခဲ့ရပါတယ္။
အခုသမိုင္းမွတ္တမ္းကို League of Legends esports လို႔အမည္ရတဲ့ twitter account ကေနလည္း ေဖာ္ျပသြားခဲ့ပါတယ္။
We'd like to extend a thank you to the viewers for helping the @RiotGames @Twitch Channel be the first one to surpass 1 billion views. We could not have done it without your loyal support ❤️ pic.twitter.com/2W69ix0CEJ
— lolesports (@lolesports) June 24, 2018
League of Legends ရဲ႕ေအာင္ျမင္မႈဟာ esports ရဲ႕ခိုင္မာတဲ့ ရပ္တည္ခ်က္ကုိ ျပသေနပါတယ္။ LoL ဂိမ္းကို ကမၻာတစ္ဝန္းကေန ယွဥ္ၿပိဳင္ကစားတာကုိ ၾကည့္႐ႈတဲ့သူအေရအတြက္ တိုးတက္ေနပါတယ္။ ေမလမွာ LoL ဂိမ္းရဲ႕ ဖိတ္ေခၚ Mid-Season ၿပိဳင္ပြဲကုိ ၾကည့္႐ႈသူ ၁၂၇ သန္းရွိၿပီး တ႐ုတ္အသင္းကုိ အားေပးၾကည့္႐ႈသူ တ႐ုတ္ႏိုင္ငံသား အမ်ားအျပား ပါဝင္လာပါတယ္။
ႏႈိင္းယွဥ္ခ်က္အရ နာမည္ေက်ာ္ Fortnite streamer ျဖစ္တဲ့ Ninja ရဲ႕ Drake နဲ႔ကစားတဲ့ဗီဒီယိုကို စုစုေပါင္းၾကည့္႐ႈတဲ့အေရအတြက္ ၂၂၈ သန္းရွိပါတယ္။ ဒါဟာ ၂၀၁၇ ခုႏွစ္၊ ဇူလိုင္လကမွ ထြက္ရွိတဲ့ Fortnite အတြက္ အားရစရာ ရလဒ္ျဖစ္ပါတယ္။ League of Legends ကေတာ့ ၂၀၁၃ ခုႏွစ္ကတည္းက ထြက္ရွိခဲ့တဲ့ ဂိမ္းျဖစ္ပါတယ္။
LoL ကို တီဗီဘက္နဲ႔ ႏိႈင္းယွဥ္ၾကည့္မယ္ဆိုရင္ အေမရိကန္တီဗီအစီအစဥ္ရဲ႕ လူၾကည့္အမ်ားဆုံး အစီအစဥ္တစ္ခုျဖစ္တဲ့ ဒီႏွစ္ရဲ႕ Superbowl ကို လူေပါင္း ၁၀၃ သန္းက ၾကည့္႐ႈၾကပါတယ္။
ေျမာက္အေမရိက League of Legends Championship Series ရဲ႕သုံးပတ္ေျမာက္ ၿပိဳင္ပြဲကုိ ဇူလိုင္ ၁ ရက္အထိ ျပဳလုပ္မွာျဖစ္တဲ့အတြက္ ၾကည့္႐ႈမႈႏႈန္း ၂ ဘီလ်ံအထိ ရွိလာႏိုင္တယ္လို႔ သိရပါတယ္။
စိုးထက္
Ref: CNET
[ Unicode ]
Riot Games ရဲ့ Twitch channel ဟာ platform ပေါ်မှာ စုစုပေါင်း ကြည့်ရှုသူ ၁ ဘီလျံအထိ ရှိလာခဲ့ပြီး သမိုင်းတစ်လျှောက် ကြည့်ရှုသူအများဆုံး ပထမဆုံး channel ဖြစ်လာတယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။
Riot Games ဟာ League of Legends (LoL) ကိုဖန်တီးတဲ့ ဂိမ်းကုမ္ပဏီဖြစ်ပြီး ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှာ ပထမဆုံး ထွက်ရှိလာတဲ့ နာမည်ကျော် multiplayer online battle arena (MOBA) ဂိမ်းဖြစ်ပါတယ်။ League of Legends ဟာ Twitch ရဲ့ထုတ်လွှင့်မှုအများဆုံး ဂိမ်းတွေထဲက တစ်ခုအဖြစ် မကြာခဏ ဖော်ပြခံခဲ့ရပါတယ်။
အခုသမိုင်းမှတ်တမ်းကို League of Legends esports လို့အမည်ရတဲ့ twitter account ကနေလည်း ဖော်ပြသွားခဲ့ပါတယ်။
We'd like to extend a thank you to the viewers for helping the @RiotGames @Twitch Channel be the first one to surpass 1 billion views. We could not have done it without your loyal support ❤️ pic.twitter.com/2W69ix0CEJ
— lolesports (@lolesports) June 24, 2018
League of Legends ရဲ့အောင်မြင်မှုဟာ esports ရဲ့ခိုင်မာတဲ့ ရပ်တည်ချက်ကို ပြသနေပါတယ်။ LoL ဂိမ်းကို ကမ္ဘာတစ်ဝန်းကနေ ယှဉ်ပြိုင်ကစားတာကို ကြည့်ရှုတဲ့သူအရေအတွက် တိုးတက်နေပါတယ်။ မေလမှာ LoL ဂိမ်းရဲ့ ဖိတ်ခေါ် Mid-Season ပြိုင်ပွဲကို ကြည့်ရှုသူ ၁၂၇ သန်းရှိပြီး တရုတ်အသင်းကို အားပေးကြည့်ရှုသူ တရုတ်နိုင်ငံသား အများအပြား ပါဝင်လာပါတယ်။
နှိုင်းယှဉ်ချက်အရ နာမည်ကျော် Fortnite streamer ဖြစ်တဲ့ Ninja ရဲ့ Drake နဲ့ကစားတဲ့ဗီဒီယိုကို စုစုပေါင်းကြည့်ရှုတဲ့အရေအတွက် ၂၂၈ သန်းရှိပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လကမှ ထွက်ရှိတဲ့ Fortnite အတွက် အားရစရာ ရလဒ်ဖြစ်ပါတယ်။ League of Legends ကတော့ ၂၀၁၃ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းဖြစ်ပါတယ်။
LoL ကို တီဗီဘက်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အမေရိကန်တီဗီအစီအစဉ်ရဲ့ လူကြည့်အများဆုံး အစီအစဉ်တစ်ခုဖြစ်တဲ့ ဒီနှစ်ရဲ့ Superbowl ကို လူပေါင်း ၁၀၃ သန်းက ကြည့်ရှုကြပါတယ်။
မြောက်အမေရိက League of Legends Championship Series ရဲ့သုံးပတ်မြောက် ပြိုင်ပွဲကို ဇူလိုင် ၁ ရက်အထိ ပြုလုပ်မှာဖြစ်တဲ့အတွက် ကြည့်ရှုမှုနှုန်း ၂ ဘီလျံအထိ ရှိလာနိုင်တယ်လို့ သိရပါတယ်။
စိုးထက်
Ref: CNET