ပထမဆုံး Harmony OS beta ဖြန့်ချိတော့မယ့် Huawei

Huawei ဟာ အမေရိကန်က စီးပွားရေးပိတ်ဆို့ခံထားရတဲ့အတွက် Google ဝန်ဆောင်မှု အသုံးပြုလို့ မရတဲ့အတွက် ကိုယ်ပိုင် Harmony OS ကို အပြည့်အဝ အသုံးပြုတော့ပါမယ်။

Huawei လူသုံးကုန်လုပ်ငန်းအုပ်စု software ပိုင်းဥက္ကဋ္ဌ ဝမ်ချန်လူက Harmony OS Open-source ပလက်ဖောင်းကိုတော့ ဒီဇင်ဘာ ၁၈ ရက်မှာ developer တွေဆီ ဖြန့်ချိသွားပါမယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ဒါမှမဟုတ် ဖေဖော်ဝါရီ ပထမဆုံး စမ်းသပ်ထားတဲ့ ဖုန်းတွေ ထွက်လာပါမယ်။

Huawei ကဝန်ထမ်းအားလုံးဟာ Harmony စိတ်ကူးကို အကောင်အထည်ဖော်နေကြပြီး အစီအစဉ်အတိုင်း လုပ်ဆောင်နေတာကို ဝမ်ချန်လူက ထုတ်ဖော်ပြခဲ့တယ်။ ၂၀၂၁ ခုနှစ် ပထမသုံးလပတ် ထွက်လာတဲ့ သတင်းအရ ၂၀၂၁ ခုနှစ် ဧပြီလမှာ public beta ထွက်လာနိုင်ပါတယ်။

ကုမ္ပဏီရဲ့ ၉၀ ရာခိုင်နှုန်း စမတ်ဖုန်းတွေက update လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အမှုဆောင်တွေက ပြောခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်မှာ သမ္မတအပြောင်းအလဲ ဖြစ်လာတာကြောင့် Huawei အနေနဲ့ Google နဲ့အလုပ်ပြန်လည် လုပ်ကိုင်နိုင်ဖွယ်ရှိပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««