ပတ္ဝန္းက်င္အသံကုိ တုံ႔ျပန္ႏိုင္တဲ့ ကုမၸဏီရဲ႕ပထမဆုံး Lens ကုိ Snapchat ျဖန္႔ခ်ိ

[ Zawgyi ]

Snapchat ဟာ သုံးစြဲသူအတြက္ Snapchat မွာကစားႏိုင္တဲ့ Lens အမ်ိဳးမ်ိဳးကုိ ျဖန္႔ခ်ိထားပါတယ္။ အဲဒီ Lens ေတြထဲမွာ ခႏၶာကိုယ္လႈပ္ရွားမႈေတြကုိ ေျခရာခံေပးႏိုင္တဲ့ အရာေတြနဲ႔ sky segmentation နည္းပညာ အသုံးျပဳထားတဲ့ sky whale Lens တို႔ ပါဝင္လာပါတယ္။

အခုဆုိရင္ Snapchat ဟာ ျမင္ေတြ႕ရတဲ့အရာတင္ မဟုတ္ဘဲ ပတ္ဝန္းက်င္အသံကို တုံ႔ျပန္ႏိုင္တဲ့ ပထမဆုံး Lens ကိုျဖန္႔ခ်ိလိုပါတယ္။

Snapchat ရဲ႕ carousel အတြင္းမွာ အသံကုိ တုံ႔ျပန္ႏိုင္တဲ့ ပထမဆုံး Lens ကို ထည့္သြင္းလိုက္ပါတယ္။ အဲဒီ Lens ဟာ သုံးစြဲသူ မ်က္ႏွာကို ခ်စ္စရာသတၱဝါ မ်က္ႏွာဖုံးပုံစံနဲ႔ ေဖာ္ျပေပးမွာ ျဖစ္သလို နားရြက္ေတြက ေသြးခုန္ႏႈန္းအတိုင္းလႈပ္ရွားၿပီး ၾကားရတဲ့အသံေပၚ မူတည္ကာ မ်က္လုံးေတြေရြ႕လ်ားသလို အေရာင္ေတာက္ပေစမွာ ျဖစ္ပါတယ္။

ကုမၸဏီအေနနဲ႔ လာမယ့္ရက္သတၱပတ္ အနည္းငယ္အတြင္း အသံေတြကို တုံ႔ျပန္ႏိုင္တဲ့ Lens မ်ားစြာ ျဖန္႔ခ်ိဖို႔ စီစဥ္ထားတယ္လို႔ Snapchat က ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

စိုးထက္
Ref: Engadget

=======

[ Unicode ]

ပတ်ဝန်းကျင်အသံကို တုံ့ပြန်နိုင်တဲ့ ကုမ္ပဏီရဲ့ပထမဆုံး Lens ကို Snapchat ဖြန့်ချိ

=======

Snapchat ဟာ သုံးစွဲသူအတွက် Snapchat မှာကစားနိုင်တဲ့ Lens အမျိုးမျိုးကို ဖြန့်ချိထားပါတယ်။ အဲဒီ Lens တွေထဲမှာ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ခြေရာခံပေးနိုင်တဲ့ အရာတွေနဲ့ sky segmentation နည်းပညာ အသုံးပြုထားတဲ့ sky whale Lens တို့ ပါဝင်လာပါတယ်။

အခုဆိုရင် Snapchat ဟာ မြင်တွေ့ရတဲ့အရာတင် မဟုတ်ဘဲ ပတ်ဝန်းကျင်အသံကို တုံ့ပြန်နိုင်တဲ့ ပထမဆုံး Lens ကိုဖြန့်ချိလိုပါတယ်။

Snapchat ရဲ့ carousel အတွင်းမှာ အသံကို တုံ့ပြန်နိုင်တဲ့ ပထမဆုံး Lens ကို ထည့်သွင်းလိုက်ပါတယ်။ အဲဒီ Lens ဟာ သုံးစွဲသူ မျက်နှာကို ချစ်စရာသတ္တဝါ မျက်နှာဖုံးပုံစံနဲ့ ဖော်ပြပေးမှာ ဖြစ်သလို နားရွက်တွေက သွေးခုန်နှုန်းအတိုင်းလှုပ်ရှားပြီး ကြားရတဲ့အသံပေါ် မူတည်ကာ မျက်လုံးတွေရွေ့လျားသလို အရောင်တောက်ပစေမှာ ဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း အသံတွေကို တုံ့ပြန်နိုင်တဲ့ Lens များစွာ ဖြန့်ချိဖို့ စီစဉ်ထားတယ်လို့ Snapchat က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

စိုးထက်
Ref: Engadget