ပဋိပက္ခထိန်းသိမ်းဖြေရှင်းခြင်းအကြောင်း ၂ ရက် သင်တန်းဖွင့်မည်

မြန်မာနိုင်ငံစိတ်ပညာအသင်းမှ ပဋိပက္ခထိန်းသိမ်းဖြေရှင်းခြင်း (Conflict Management) အကြောင်း ၂ ရက် သင်တန်းဖွင့်မယ်လို့သိရပါတယ်။

သင်တန်းမှာ ပုဂ္ဂိုလ်တစ်ဦးစီရဲ့ရင်တွင်းပဋိပက္ခ (Intra Personal Conflict) ၊ တစ်ဦးနဲ့တစ်ဦးကြား ပဋိပက္ခ (Interpersonal Conflict) ၊ အုပ်စု၊ အဖွဲ့အစည်းအတွင်း ပဋိပက္ခ (Intra Organization Conflict) ၊ အုပ်စု၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု ပဋိပက္ခ (Inter Organization Conflict) ၊ ယဥ်ကျေးမှုမတူတဲ့ အုပ်စုအတွင်း ပဋိပက္ခ (Inter Cultural Group Conflict) တွေကိုသင်ကြားရမှာဖြစ်ပါတယ်။

သင်တန်းတွေကို ဒီဇင်ဘာ ၂၁ ရက် နဲ့ ၂၂ ရက်တွေမှာ Taw Win Garden Hotel မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်း ချိန်က နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်ပါတယ်။ သင်တန်းကြေးမှာ ငါးသောင်းကျပ် တိတိဖြစ်ပြီး သင်တန်းကို ဆရာကြီး ပါမောက္ခ ဒေါက်တာခင်မြင့်မှ သင်ကြားပေးမှာဖြစ်ပါတယ်။
တက်ရောက်လိုသူတွေအနေနဲ့ မြန်မာနိုင်ငံစိတ်ပညာအသင်း ဖုန်း ၀၉-၈၉၉၀၀၉၀၁၁၊ ၀၉- ၆၉၄၀၆၆၆၉၉ နဲ့ ၀၉-၆၆၁၃၁၃၆၀၁ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။