ပညာေရး Message ဝန္ေဆာင္မႈကိုမိတ္ဆက္

[ Zawgyi ]

တယ္လီေနာျမန္မာမွ ပညာေရး Message ဝန္ေဆာင္မႈျဖစ္တဲ့ တကၠသိုလ္ဝင္တန္းစာေမးပြဲ အေထာက္အကူျပဳ SMS ၀န္ေဆာင္မႈနဲ႔ ဘာသာစကားေလ့လာျခင္းဆိုင္ရာ အသံ၀န္ေဆာင္မႈတို႔ကို ဇြန္ ၂၆ ရက္က မိတ္ဆက္ခဲ့ပါတယ္။

တယ္လီေနာ ျမန္မာအေနနဲ႔ (TOE TAT) တိုးတက္ပညာေရးပလက္ေဖာင္းကို မိတ္ဖက္အဖြဲ႔အစည္းေတြ ျဖစ္တဲ့ Mono Techonology Myanmar ,TMAM limited ,ConceptX နဲ႔ 360ed တို႔နဲ႔ ပူးေပါင္းျပဳလုပ္တာ ျဖစ္ပါတယ္။ တကၠသိုလ္ဝင္တန္းစာေမးပြဲ အေထာက္အကူျပဳ SMS ဝန္ေဆာင္မႈနဲ႔ ဘာသာစကားေလ႔လာျခင္းဆိုင္ရာ အသံဝန္ေဆာင္မႈတို႔ကို စတင္ေပးအပ္မွာ ျဖစ္ပါတယ္။ တကၠသိုလ္ဝင္တန္း ေက်ာင္းသား၊ ေက်ာင္းသူေတြ အတြက္ စာေမးပြဲအေထာက္အကူျပဳ မက္ေဆ႔ဝန္ေဆာင္မႈအေနနဲ႔ ရယူနိုင္မွာျဖစ္ၿပီး ျမန္မာစာ၊ အဂၤလိပ္စာ၊ ဇီဝေဗဒ၊ ဓာတုေဗဒ ၊ ရူပေဗဒ နဲ႔ ေဘာဂေဗဒ စတဲ့ ဘာသာရပ္ေတြ နဲ႔ ပတ္သက္ၿပီး ဝန္ေဆာင္မႈ ရယူနိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

မိမိသင္ယူလိုတဲ့ ဘာသာရပ္အတြက္ သင္ခန္းစာေတြကို ဝန္ေဆာင္မႈဖုန္းနံပါတ္ ျဖစ္တဲ့ ၆၆၂၂ ကိုေပးပို႔ရမွာ ျဖစ္ၿပီး ေပးပို႔တဲ့ ဘာသာရပ္ရဲ႕ ေနာက္မွာ ON လို႔ ႐ိုက္ထည့္ေပးပို႔ရမွာ ျဖစ္ပါတယ္။ စာရင္းေပးသြင္းဖို႔ ဘာသာ ရပ္ တစ္ခုခ်င္းစီအတြက္ တစ္ပတ္ကို ၃၁၅ က်ပ္သာ က်သင္႔မွာ ျဖစ္ၿပီး ၇ ရက္တာ သင္ခန္းစာေတြကို သင္ၾကားႏိုင္မယ္လို႔ သိရပါတယ္။

စာရင္းေပးသြင္းထားတဲ႔ တစ္ဘာသာခ်င္းစီအတြက္ ၁ ရက္ကို SMS ႏွစ္ေစာင္ေပးပို႔မွာ ျဖစ္ၿပီး နံနက္ ၉ နာရီ တစ္ႀကိမ္ ေန႔လယ္ ၃ နာရီတစ္ႀကိမ္ ေပးပို႔မွာ ျဖစ္ပါတယ္။ SMS ေတြမွာ မွား၊ မွန္ ၊ အေျဖမွန္ေရြးခ်ယ္ျခင္း၊ ကြက္လပ္ျဖည့္ စတဲ့ သင္ခန္းစာေမးခြန္းအေျဖေတြကို ျပည့္စံု ေအာင္ထည့္သြင္းေပးမယ္လို႔ သိရပါတယ္။ သင္ခန္းစာ တစ္ခုခ်င္းကို သက္ဆိုင္ရာ ဘာသာရပ္ ကၽြမ္းက်င္သူ ဆရာ၊ ဆရာမေတြ ပူးေပါင္း ျပဳစုထားတာ ျဖစ္ၿပီး တရားဝင္ေရးဆြဲထားတဲ႔ ျပ႒ာန္းစာအုပ္က ေကာက္ႏုတ္ရယူ ထားတာ ျဖစ္တယ္လို႔သိရပါတယ္။

ႏိုင္ငံျခားဘာသာစကားကို စိတ္ဝင္စားတဲ့သူေတြ အတြက္လည္း ဘာသာစကားေလ႔လာျခင္းဆိုင္ရာ ဝန္ေဆာင္ မႈလည္း ပါဝင္ပါတယ္။ ဒီ ဝန္ေဆာင္မႈက စိတ္ဝင္စားတဲ႔ ဘာသာရပ္ေတြကို အခ်ိန္မေရြးသင္ၾကားနိုင္ျပီး အဂၤလိပ္၊ ထိုင္း၊ ကိုရီးယား၊ ဂ်ပန္ စတဲ့ ဘာသာစကားေတြအတြက္ စကားစုေတြ ၊ ေန႔စဥ္သံုးစကားေတြ နဲ႔ သဒါၵ သင္ခန္းစာေတြကို ရယူသင္ၾကားနိုင္မယ္လို႔ သိရပါတယ္။

ဘာသာရပ္တစ္ခုခ်င္းစီအတြက္ သတ္မွတ္ထားတဲ႔ ကုတ္နံပါတ္ေတြျဖစ္တဲ့ အဂၤလိပ္ 3071၊ ထိုင္း 3072၊ ကိုရီးယား 3073၊ ဂ်ပန္ 3074 ကိုေခၚဆို စာရင္းေပးသြင္းရမွာ ျဖစ္ၿပီး စာရင္းေပးသြင္းခ ႏႈန္းထားအေနနဲ႔ ရက္ သတၱပတ္ကို ကုန္သြယ္လုပ္ငန္းခြန္ အပါဝင္ ၃၁၅ က်ပ္ က်သင္႔မွာ ျဖစ္ပါတယ္။ စာရင္းေပးသြင္းၿပီးတာနဲ႔ ေပးအပ္ထားတဲ႔ သင္ခန္းစာ ဝန္ေဆာင္မႈကို ၇ ရက္အတြင္း အကန္႔အသတ္မရွိ ေခၚဆိုသင္ယူနိုင္မွာ ျဖစ္ပါ တယ္။ တစ္ပတ္တစ္ၾကိမ္ ျပင္ဆင္ေပးမွာျဖစ္တာေၾကာင္႔ အသံုးျပဳသူေတြအေနနဲ႔ အပတ္စဥ္ မတူညီတဲ့သင္ခန္း စာေတြကို သင္ယူႏိုင္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

တယ္လီေနာ အသံုးျပဳသူေတြ အေနနဲ႔ (၃၀၇) ကို တိုက္ရိုက္ဖုန္းေခၚဆိုျပီး ၾကိဳက္ႏွစ္သက္ရာ ဘာသာစကား ေလ့လာမႈဆိုင္ရာ (IVR) ဝန္ေဆာင္မႈကို ရယူနိုင္မွာ ျဖစ္ပါတယ္။

[ Unicode ]

တယ်လီနောမြန်မာမှ ပညာရေး Message ဝန်ဆောင်မှုဖြစ်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အထောက်အကူပြု SMS ၀န်ဆောင်မှုနဲ့ ဘာသာစကားလေ့လာခြင်းဆိုင်ရာ အသံဝန်ဆောင်မှုတို့ကို ဇွန် ၂၆ ရက်က မိတ်ဆက် ခဲ့ပါတယ်။

တယ်လီနော မြန်မာအနေနဲ့ (TOE TAT) တိုးတက်ပညာရေးပလက်ဖောင်းကို မိတ်ဖက်အဖွဲ့အစည်းတွေ ဖြစ်တဲ့ Mono Techonology Myanmar ,TMAM limited ,ConceptX နဲ့ 360ed တို့နဲ့ ပူးပေါင်းပြုလုပ်တာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အထောက်အကူပြု SMS ဝန်ဆောင်မှုနဲ့ ဘာသာစကားလေ့လာခြင်းဆိုင်ရာ အသံဝန်ဆောင်မှုတို့ကို စတင်ပေးအပ်မှာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူတွေ အတွက် စာမေးပွဲအထောက်အကူပြု မက်ဆေ့ဝန်ဆောင်မှုအနေနဲ့ ရယူနိုင်မှာဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဇီဝဗေဒ၊ ဓာတုဗေဒ ၊ ရူပဗေဒ နဲ့ ဘောဂဗေဒ စတဲ့ ဘာသာရပ်တွေ နဲ့ ပတ်သက်ပြီး ဝန်ဆောင်မှု ရယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မိမိသင်ယူလိုတဲ့ ဘာသာရပ်အတွက် သင်ခန်းစာတွေကို ဝန်ဆောင်မှုဖုန်းနံပါတ် ဖြစ်တဲ့ ၆၆၂၂ ကိုပေးပို့ရမှာ ဖြစ်ပြီး ပေးပို့တဲ့ ဘာသာရပ်ရဲ့ နောက်မှာ ON လို့ ရိုက်ထည့်ပေးပို့ရမှာ ဖြစ်ပါတယ်။ စာရင်းပေးသွင်းဖို့ ဘာသာ ရပ် တစ်ခုချင်းစီအတွက် တစ်ပတ်ကို ၃၁၅ ကျပ်သာ ကျသင့်မှာ ဖြစ်ပြီး ရ ရက်တာ သင်ခန်းစာတွေကို သင်ကြားနိုင်မယ်လို့ သိရပါတယ်။

စာရင်းပေးသွင်းထားတဲ့ တစ်ဘာသာချင်းစီအတွက် ၁ ရက်ကို SMS နှစ်စောင်ပေးပို့မှာ ဖြစ်ပြီး နံနက် ၉ နာရီ တစ်ကြိမ် နေ့လယ် ၃ နာရီတစ်ကြိမ် ပေးပို့မှာ ဖြစ်ပါတယ်။ SMS တွေမှာ မှား၊ မှန် ၊ အဖြေမှန်ရွေးချယ်ခြင်း၊ ကွက်လပ်ဖြည့် စတဲ့ သင်ခန်းစာမေးခွန်းအဖြေတွေကို ပြည့်စုံ အောင်ထည့်သွင်းပေးမယ်လို့ သိရပါတယ်။ သင်ခန်းစာ တစ်ခုချင်းကို သက်ဆိုင်ရာ ဘာသာရပ် ကျွမ်းကျင်သူ ဆရာ၊ ဆရာမတွေ ပူးပေါင်း ပြုစုထားတာ ဖြစ်ပြီး တရားဝင်ရေးဆွဲထားတဲ့ ပြဋ္ဌာန်းစာအုပ်က ကောက်နုတ်ရယူ ထားတာ ဖြစ်တယ်လို့သိရပါတယ်။

နိုင်ငံခြားဘာသာစကားကို စိတ်ဝင်စားတဲ့သူတွေ အတွက်လည်း ဘာသာစကားလေ့လာခြင်းဆိုင်ရာ ဝန်ဆောင် မှုလည်း ပါဝင်ပါတယ်။ ဒီ ဝန်ဆောင်မှုက စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို အချိန်မရွေးသင်ကြားနိုင်ပြီး အင်္ဂလိပ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန် စတဲ့ ဘာသာစကားတွေအတွက် စကားစုတွေ ၊ နေ့စဉ်သုံးစကားတွေ နဲ့ သဒါ္ဒ သင်ခန်းစာတွေကို ရယူသင်ကြားနိုင်မယ်လို့ သိရပါတယ်။

ဘာသာရပ်တစ်ခုချင်းစီအတွက် သတ်မှတ်ထားတဲ့ ကုတ်နံပါတ်တွေဖြစ်တဲ့ အင်္ဂလိပ် 3071၊ ထိုင်း 3072၊ ကိုရီးယား 3073၊ ဂျပန် 3074 ကိုခေါ်ဆို စာရင်းပေးသွင်းရမှာ ဖြစ်ပြီး စာရင်းပေးသွင်းခ နှုန်းထားအနေနဲ့ ရက် သတ္တပတ်ကို ကုန်သွယ်လုပ်ငန်းခွန် အပါဝင် ၃၁၅ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ စာရင်းပေးသွင်းပြီးတာနဲ့ ပေးအပ်ထားတဲ့ သင်ခန်းစာ ဝန်ဆောင်မှုကို ရ ရက်အတွင်း အကန့်အသတ်မရှိ ခေါ်ဆိုသင်ယူနိုင်မှာ ဖြစ်ပါ တယ်။ တစ်ပတ်တစ်ကြိမ် ပြင်ဆင်ပေးမှာဖြစ်တာကြောင့် အသုံးပြုသူတွေအနေနဲ့ အပတ်စဉ် မတူညီတဲ့သင်ခန်း စာတွေကို သင်ယူနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

တယ်လီနော အသုံးပြုသူတွေ အနေနဲ့ (၃၀၇) ကို တိုက်ရိုက်ဖုန်းခေါ်ဆိုပြီး ကြိုက်နှစ်သက်ရာ ဘာသာစကား လေ့လာမှုဆိုင်ရာ (IVR) ဝန်ဆောင်မှုကို ရယူနိုင်မှာ ဖြစ်ပါတယ်။