ပညာရေးနှင့်ပတ်သက်သည့် ဗွီဒီယိုများ ကြည့်ရှုနိုင်မည့် DedaaBox Mobile Application

ပညာရေးနဲ့ ပတ်သက်တဲ့ Video တွေကို DedaaBox App ကနေတစ်ဆင့် ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

Online Video Streaming Platform တစ်ခုဖြစ်ပြီး Youtube လိုမျိုး online ကနေတစ်ဆင့် Video Content တွေကို လေ့လာနိုင်မှာဖြစ်ကြောင်း၊ DedaaBox Mobile Application ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် စတင်ဖြန့်ဝေခဲ့ပြီး Android နှင့် iOS နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ App မှာ ပညာရေးနဲ့သက်ဆိုင်တဲ့ Video Contents တွေဖြစ်တဲ့ Business, Personal Development, Book TV, Free/Premium Knowledge Videos, Money Talk Program, Banking and Finance, Infographic Videos, Career Development,Language စတဲ့ Category တွေ ပါဝင်တယ်လို့ သိရပါတယ်။ Video Contents တွေကို ကိုယ်တိုင်ရိုက်ကူး ထုတ်လုပ်ထားတာဖြစ်ပြီး Business Knowledge, Startup, Finance စတဲ့ အကြောင်းအရာ တွေနဲ့ ပတ်သက်လို့ ဆရာတွေရဲ့ ဟောပြောပို့ချချက်တွေ ၊ ဆွေးနွေးပွဲများ ၊ ဘာသာစကားနဲ့ ပတ်သက်သည့် သင်ခန်းစာများ ၊ စီးပွားရေးပညာရှင်တွေ ဟောပြောဆွေးနွေးထားတဲ့ Money Talk Program စတဲ့ Videos တွေကို ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

Videos တွေ ကို Free Videos နဲ့ Premium Videos ဆိုပြီး ခွဲခြားထားပြီး Premium Videos တွေကိုတော့ Subscribe ပြုလုပ်ပြီးမှ ကြည့်ရှုနိုင်မယ်လို့ ဆိုပါတယ်။ Subscribe ပြုလုပ်ဖို့အတွက် လစဉ်ကြေး တစ်လကို ၃၅၀၀ ကျပ်ဖြစ်ပြီး သုံးလစာ Subscribe လုပ်မည်ဆိုပါက ၈၀၀၀ ကျပ်လို့ သိရပါတယ်။ လစဉ်ကြေးကို OK Dollar မှ တစ်ဆင့် ပေးသွင်းနိုင်မယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ဖုန်းဘီလ်ကနေတစ်ဆင့် လွှဲနိုင်အောင် စီစဉ်ပေးသွားမယ်လို့ ဆိုပါတယ်။

DedaaBox မှ Video သင်ခန်းစာတွေကို လေ့လာသင်ယူပီး DedaaBox မှ အသိအမှတ်ပြုတဲ့ Mini-Certificate ကိုလည်း ရယူနိုင်တယ်လို့ ဆိုပါတယ်။ Mini-Certificate ကို Subscribe ပြုလုပ်ထားတဲ့ Users တွေသာ ရရှိမယ်လို့ သိရပါတယ်။

-ထွန်းထွန်း