ပညာေရးသင္ေထာက္ကူ က႑အတြင္း Google ကိုအသာစီးရယူဖို႔ Flipgrid ကုိ ဝယ္ယူလိုက္တဲ့ Microsoft

[ Zawgyi ]

Microsoft ဟာ မီနီယာပုိလစ္ၿမိဳ႕အေျခစိုက္ ပညာေရးသင္ေထာက္ကူ software ေတြထုတ္လုပ္တဲ့ Flipgrid ကို ဝယ္ယူလိုက္တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ အခုဝယ္ယူမႈေၾကာင့္ Microsoft အေနနဲ႔ သင္ေထာက္ကူက႑အတြင္း Apple နဲ႔ Google အေပၚ အသာစီးရရွိႏိုင္မွာ ျဖစ္ပါတယ္။

Flipgrid မွာ ကမၻာတစ္ဝန္းကသုံးစြဲသူ သန္း ၂၀ ရွိၿပီး ဆရာ/ဆရာမေတြ၊ ေက်ာင္းသားေတြနဲ႔ မိဘေတြ အသုံးျပဳေနၾကပါတယ္။ Flipgrid သုံးစြဲသူေတြထဲမွာ မူႀကိဳကေနၿပီး PhD ေျဖဆိုသူေတြအထိ ပါဝင္ပါတယ္။ Flipgrid ရဲ႕သက္တမ္းဟာ ၃ ႏွစ္သာ ရွိေသးေပမယ့္ ရံပုံေငြ ေဒၚလာ ၁၇ သန္းအထိ ရွာေဖြႏိုင္ခဲ့ပါတယ္။

အခုဆိုရင္ Flipgrid ဝန္ေဆာင္မႈကို ေက်ာင္းေတြအတြက္ အခမဲ့အသုံးျပဳလို႔ရေအာင္ အေျပာင္းအလဲ ျပဳလုပ္ခဲ့ပါတယ္။ Microsoft ရဲ႕ကုိယ္ပိုင္ Office 365 ကို ပညာေရး productivity suite အတြက္လည္း အခမဲ့ အသုံးျပဳခြင့္ျပဳထားပါတယ္။

Flipgrid ဝန္ေဆာင္မႈဟာ လူမႈကြန္ရက္နဲ႔ အိမ္စာ assigment ျပဳလုပ္မႈကို ေပါင္းစပ္ထားတာ ျဖစ္ပါတယ္။ ဆရာျဖစ္သူက ေက်ာင္းသားအတြက္ “မင္းရဲ႕ အႏွစ္သက္ဆုံး ပန္းခ်ီဆရာက ဘယ္သူလဲ၊ ဘာေၾကာင့္ သေဘာက်ရတာလဲ” ဆိုတဲ့ ေခါင္းစဥ္တစ္ခုကုိ သတ္မွတ္ေပးၿပီး ေက်ာင္းသားက ဗီဒီယိုအတိုနဲ႔ မွတ္တမ္းတင္ၿပီး ျပန္လည္ေျဖၾကားရမွာ ျဖစ္ပါတယ္။ အဲဒီ ဗီဒီယိုကို စာသင္ခန္းထဲက ေက်ာင္းသားအားလုံး ၾကည့္ႏိုင္ၿပီး ေလ့လာဆညး္ပူးႏိုင္ပါတယ္။ ေက်ာင္းသားေတြက စာအုပ္အစီရင္ခံစာ ဒါမွမဟုတ္ computer code အတိုအထြာလိုမ်ိဳး ဖုိင္ေတြကုိ attach တြဲၿပီး ေဆြးေႏြးႏိုင္ပါတယ္။

Flipgrid ဟာ LinkedIn လိုပဲ Microsoft ရဲ႕ကုမၸဏီခြဲအျဖစ္ ရပ္တည္သြားမယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ Flipgrid မွာ အေျပာင္းအလဲ ႀကီးႀကီးမားမားရွိမွာ မဟုတ္သလို Google Classroom လိုမ်ိဳး Microsoft မဟုတ္တဲ့ tool ေတြ ပါဝင္မႈကုိ ျဖတ္ေတာက္ဖုိ႔လည္း အစီအစဥ္မရွိပါဘူး။ Flipgrid မွာလညး္ Microsoft Teams နဲ႔ အျခား Microsoft tool ေတြ ေပါင္းစပ္ပါဝင္ပါတယ္။

စိုးထက္
Ref: Thiisinsider

[ Unicode ]

Microsoft ဟာ မီနီယာပိုလစ်မြို့အခြေစိုက် ပညာရေးသင်ထောက်ကူ software တွေထုတ်လုပ်တဲ့ Flipgrid ကို ဝယ်ယူလိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အခုဝယ်ယူမှုကြောင့် Microsoft အနေနဲ့ သင်ထောက်ကူကဏ္ဍအတွင်း Apple နဲ့ Google အပေါ် အသာစီးရရှိနိုင်မှာ ဖြစ်ပါတယ်။

Flipgrid မှာ ကမ္ဘာတစ်ဝန်းကသုံးစွဲသူ သန်း ၂၀ ရှိပြီး ဆရာ/ဆရာမတွေ၊ ကျောင်းသားတွေနဲ့ မိဘတွေ အသုံးပြုနေကြပါတယ်။ Flipgrid သုံးစွဲသူတွေထဲမှာ မူကြိုကနေပြီး PhD ဖြေဆိုသူတွေအထိ ပါဝင်ပါတယ်။ Flipgrid ရဲ့သက်တမ်းဟာ ၃ နှစ်သာ ရှိသေးပေမယ့် ရံပုံငွေ ဒေါ်လာ ၁၇ သန်းအထိ ရှာဖွေနိုင်ခဲ့ပါတယ်။

အခုဆိုရင် Flipgrid ဝန်ဆောင်မှုကို ကျောင်းတွေအတွက် အခမဲ့အသုံးပြုလို့ရအောင် အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ Microsoft ရဲ့ကိုယ်ပိုင် Office 365 ကို ပညာရေး productivity suite အတွက်လည်း အခမဲ့ အသုံးပြုခွင့်ပြုထားပါတယ်။

Flipgrid ဝန်ဆောင်မှုဟာ လူမှုကွန်ရက်နဲ့ အိမ်စာ assigment ပြုလုပ်မှုကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဆရာဖြစ်သူက ကျောင်းသားအတွက် “မင်းရဲ့ အနှစ်သက်ဆုံး ပန်းချီဆရာက ဘယ်သူလဲ၊ ဘာကြောင့် သဘောကျရတာလဲ” ဆိုတဲ့ ခေါင်းစဉ်တစ်ခုကို သတ်မှတ်ပေးပြီး ကျောင်းသားက ဗီဒီယိုအတိုနဲ့ မှတ်တမ်းတင်ပြီး ပြန်လည်ဖြေကြားရမှာ ဖြစ်ပါတယ်။ အဲဒီ ဗီဒီယိုကို စာသင်ခန်းထဲက ကျောင်းသားအားလုံး ကြည့်နိုင်ပြီး လေ့လာဆညး်ပူးနိုင်ပါတယ်။ ကျောင်းသားတွေက စာအုပ်အစီရင်ခံစာ ဒါမှမဟုတ် computer code အတိုအထွာလိုမျိုး ဖိုင်တွေကို attach တွဲပြီး ဆွေးနွေးနိုင်ပါတယ်။

Flipgrid ဟာ LinkedIn လိုပဲ Microsoft ရဲ့ကုမ္ပဏီခွဲအဖြစ် ရပ်တည်သွားမယ်လို့ သိရပါတယ်။ ဒါကြောင့် Flipgrid မှာ အပြောင်းအလဲ ကြီးကြီးမားမားရှိမှာ မဟုတ်သလို Google Classroom လိုမျိုး Microsoft မဟုတ်တဲ့ tool တွေ ပါဝင်မှုကို ဖြတ်တောက်ဖို့လည်း အစီအစဉ်မရှိပါဘူး။ Flipgrid မှာလညး် Microsoft Teams နဲ့ အခြား Microsoft tool တွေ ပေါင်းစပ်ပါဝင်ပါတယ်။

စိုးထက်
Ref: Thiisinsider