ပညာရေးဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိကကျောင်း ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျှက်ရှိ

[ Zawgyi ]

ပညာရေး ဝန်ကြီးဌာနအနေနဲ့ နည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေး ဥပဒေနှင့် ပုဂ္ဂလိက ကျောင်းဥပဒေများကို ပြဋ္ဌာန်းနိုင်ရေးအတွက် လက်ရှိမှာ ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

” ဥပဒေ ပြဋ္ဌာန်းပြီးပါက ပြင်ပ ပုဂ္ဂလိက ပညာရေးကျောင်းများဖြစ်တဲ့ စာရင်းကိုင် သင်တန်းကျောင်း၊ ကွန်ပျူတာ သင်တန်းကျောင်း၊IT, Business, Leadership, အစရှိတဲ့ သင်တန်းကျောင်းတွေ အနေနဲ့ နည်းပညာနှင့် သက်မွေးဆိုင်ရာ သင်တန်းများအဖြစ် မှတ်ပုံတင်မည် ဆိုပါက နည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့်လေ့ကျင့်ရေး ဥပဒေအရလည်းကောင်း၊ ပုဂ္ဂလိက ကျောင်းအဖြစ် မှတ်ပုံတင် မည်ဆိုပါက လည်း ပုဂ္ဂလိကကျောင်း ဥပဒေအရလည်းကောင်း မှတ်ပုံတင်ဆောင်ရွက် ရမှာဖြစ်ပါတယ်” လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။


-သန္တာ

[ Unicode ]

ပညာရေး ဝန်ကြီးဌာနအနေနဲ့ နညး်ပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေး ဥပဒေနှင့် ပုဂ္ဂလိက ကျောင်းဥပဒေများကို ပြဋ္ဌာန်းနိုင်ရေးအတွက် လက်ရှိမှာ ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

” ဥပဒေ ပြဋ္ဌာန်းပြီးပါက ပြင်ပ ပုဂ္ဂလိက ပညာရေးကျောငး်များဖြစ်တဲ့ စာရင်းကိုင် သင်တန်းကျောင်း၊ ကွန်ပျူတာ သင်တန်းကျောင်း၊IT, Business, Leadership, အစရှိတဲ့ သင်တန်းကျောင်းတွေ အနေနဲ့ နည်းပညာနှင့် သက်မွေးဆိုင်ရာ သင်တန်းများအဖြစ် မှတ်ပုံတင်မည် ဆိုပါက နည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့်လေ့ကျင့်ရေး ဥပဒေအရလညး်ကောင်း၊ ပုဂ္ဂလိက ကျောငး်အဖြစ် မှတ်ပုံတင် မည်ဆိုပါက လည်း ပုဂ္ဂလိကကျောင်း ဥပဒေအရလည်းကောင်း မှတ်ပုံတင်ဆောင်ရွက် ရမှာဖြစ်ပါတယ်” လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ ဥပဒေများအရ မှတ်ပုံတင်ခြင်းမှ ကင်းလွတ်မည့် ကျောင်းမရှိနိုင်ပါကြောင်းနှင့် လတ်တလောအခြေအနေတွင် အဆိုပါ သင်တန်းကျောင်းများအပေါ်ပညာရေးဝန်ကြီးဌာနမှ စိစစ်ကြပ်မတ် စီမံဆောင်ရွက်ပေးရခြင်းများ မရှိဘူးလို့ သိရပါတယ်။
ပညာရေးဝန်ကြီး ဌာနအနေနဲ့ အမျိုးသားပညာရေး ဥပဒေ (၂၀၁၄ ခုနှစ်)၊ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၅ ခုနှစ်) နှင့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေများကို ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။

-သန္တာ