ပညာသင်ဆုများနှင့်ကျောင်းဝင်ခွင့်ဆိုင်ရာအကြောင်းဆွေးနွေးပွဲပြုလုပ်မည်

စင်ကာပူနိုင်ငံ James Cook University ရဲ့ ဘွဲ့ဒီဂရီတွေကို စင်ကာပူကျောင်းခွဲမှာ တက်ရောက်ရယူလိုသူတွေအတွက် ၂၀၂၀ ပညာသင်နှစ် မှာ ပေးအပ်မယ့် ပညာသင်ဆုများနှင့်ကျောင်းဝင်ခွင့်ဆိုင်ရာများအကြောင်း ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၆ ရက်၊ နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီထိ အထိ AT&S (Overseas Education Services) အဆောင်-၅၊ အခန်း-၄၊ MICT park၊ လှိုင်မြို့နယ်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ဘွဲ့ဒီဂရီရရှိပြီး MBA , Master of Information Technology , Master of International Tourism and Hospitality Management ဘာသာရပ်တွေကို တက်ရောက်လိုသူတွေ ကျောင်းဝင်ခွင့်၊ကုန်ကျစရိတ်နဲ့ သင်ကြားရမယ့် ဘာသာရပ်ဆိုင်ရာတွေကို အသေးစိတ်မေးမြန်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်ပညာသင်နှစ် မတ်လ ကျောင်းဖွင့်ချိန် အတွက် ၁၀၀ % အထိပညာသင်ဆု လျှောက်ထားနိုင်ဖို့အတွက် လိုအပ်ချက်တွေကို အသေးစိတ် တိုင်ပင်ဆွေးနွေး နိုင်မှာဖြစ်ပါတယ်။ အဆိုပါနေ့မှာ ကျောင်းလျှောက်လိုသူတွေအနေနဲ့ မိမိတို့ရဲ့ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများကို တစ်ပါတည်းယူ ဆောင်လာပြီး ကျောင်းလျှောက်ထားပါက ကျောင်းလျှောက်လွှာကြေး စင်ကာပူဒေါ်လာ (၂၅၀) ကင်းလွတ်ခွင့်နဲ့ စင်ကာပူအသွားလေယာဉ်လက်မှတ်တွေကို အထူးအခွင့်အရေးနဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။

အသေးစိတ်အချက်အလက်တွေကို James Cook University Singapore ရဲ့ တရားဝင် ကိုယ်စားလှယ်ဖြစ်တဲ့ AT&S (နိုင်ငံတကာတက္ကသိုလ်ဝန်ဆောင်မှု)၊ အဆောင် (၅) ၊ အခန်း (၄)၊ MICT Park၊ လှိုင်မြို့နယ်၊ ဖုန်း – ၀၁-၆၅၂၃၂၀ နဲ့ ၀၉ ၅၀၆ ၂၁၆၁ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

-သန္တာ