ပညာလည်းယူ မေတ္တာဖေးကူ ခေါင်းစဉ်ဖြင့် ဓာတ်ပုံပညာသင်တန်းဖွင့်လှစ်မည်

မြန်မာနိုင်ငံမှ နာမည်ကျော် ဓာတ်ပုံဆရာများ ပါဝင်တဲ့ ပညာလည်းယူ မေတ္တာဖေးကူ ခေါင်းစဉ်နဲ့ ဓာတ်ပုံပညာသင်တန်းကို အွန်လိုင်းမှ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

ဒီသင်တန်းကို ကမ္ဘာ့ကပ်ရောဂါ Covid 19 မြန်မာနိုင်ငံသို့ရောက်ရှိဖြစ်ပွားချိန်မှ စ၍ ပွဲလမ်းသဘင်များ ကျင်းပပြုလုပ်ခွင့် မရှိခြင်း၊ Stay At Home စည်းကမ်းသတ်မှတ်ချက်များ ကြောင့် ဓာတ်ပုံလုပ်ငန်းနှင့် ဓာတ်ပုံဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ခွင့်မရရှိခြင်းတို့ကြောင့် အချို့သော ဓာတ်ပုံပညာနှင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်သူများမှာ စားဝတ်နေရေး အခက်အခဲ များစွာ ကြုံနေရခြင်းတို့ကြောင့် လုပ်ဖော်ကိုင်ဖက်တွေကို ကူညီထောက်ပံပေးနိုင်ရန်နှင့် ကူညီပေးရန်အတွက် ”ပညာလည်းယူ မေတ္တာ‌ဖေးကူ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဓာတ်ပုံပညာရပ် သင်ကြားရေးဆရာတွေကို ဖိတ်ကြားပြီး ပညာဖြန့်ဝေရေး အစီအစဉ်ဖြစ်သလို အလှူဒါန အစီအစဉ်တစ်ခု အနေနဲ့​ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ပညာလည်းယူ မေတ္တာ‌ဖေးကူ အစီအစဉ်မှာ ဓာတ်ပုံအသိပညာရှင် အတတ်ပညာရှင်များမှ Online Photography Class ပြုလုပ်ပြီး ပညာသင်ယူလိုသူတွေအတွက် မိမိတို့ရဲ့ ပညာရပ်ကို အလှူကြေးသတ်မှတ်ကာ သင်ကြားမျှဝေပေးဖို့အတွက် ယာယီဖွဲ့စည်းခြင်းသာဖြစ်ပြီး ပညာလည်းယူ မေတ္တာ‌ဖေးကူ အစီအစဉ်မှ ရရှိလာသော အလှူငွေများကို ခွဲခြမ်းစိတ်ဖြာပြီးနောက် မြန်မာနိုင်ငံအနှံ့အပြားမှာ တာဝန်ခွဲဝေယူထားသော Admin တွေနဲ့ချိတ်ဆက်ကာ အခက်အခဲဖြစ်နေတဲ့ ဓာတ်ပုံပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုသူများ၊ ဓာတ်ပုံလောကသားများကို ကူညီပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ပညာလည်းယူ မေတ္တာ‌ဖေးကူ အွန်လိုင်းဆွေးနွေးပွဲနဲ့ ပညာဒါန တက်ရောက်ဖို့အတွက် အလှူငွေကြေးကို ၂၅,၀၀၀ ကျပ် သတ်မှတ်ထားပြီး သင်တန်းကြေး အပြင် မိမိစိတ်ကြိုက်လဲ ထပ်မံ လှူဒါန်းနိုင်ကြောင်းနဲ့ ရရှိတဲ့ ငွေကြေးတွေကို ပြန်လည် လှူဒါန်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

စာရင်းပေးသွင်းမှုအတွက် အောက်တိုဘာ ၂၀ ရက်ထက် နောက်မကျဘဲ ပေးသွင်းရမှာဖြစ်ပြီး ကိုမင်းဦး ဖုန်း – ၀၉၄၁၀၀၃၂၂၄ ၊ ကိုတူး ဖုန်း – ၀၉၄၄၈၈၈၉၅၁၇ ၊ကိုကျော်စွာ ဖုန်း – ၀၉၇၈၈၆၈၂၅၈၈ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««