
ပညာရေးဝန်ကြီးဌာနရဲ့ Myanmar Digital Education Platform ရှိ အွန်လိုင်းဝန်ဆောင်မှုစနစ်တွေကို မိုဘိုင်းဒေတာ အခမဲ့နဲ့ အသုံးပြုခွင့်ပေးမယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန မှ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဆက်သွယ်ရေးအော်ပရေတာတွေက အဆိုပါ အွန်လိုင်းဝန်ဆောင်မှုစနစ်တွေကို ဇွန်လ အထိ အခမဲ့အသုံးပြုခွင့်ပေးထားမှာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနမှ Domain Name (mdep.moe.edu.mm) နဲ့ လွှင့်တင်ထားတဲ့ MDEP: Myanmar Digital Education Platform ရှိ အွန်လိုင်းဝန်ဆောင်မှုစနစ်တွေကို အခမဲ့ကြည့်ရှုနိုင်မှာဖြစ်ပြီး category အနေနဲ့ အခြေခံပညာရေး (DBE Box), နည်းပညာနှင့်သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး (TVET) နဲ့ တက္ကသိုလ်ပညာရေး (University Education) တို့ပါဝင်မှာဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ Website, Facebook, Education TV Channel, FM တွေမှာလဲ MDEP: Myanmar Digital Education Platform ကို မိုဘိုင်းဒေတာအခမဲ့နဲ့ ဝင်ရောက်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
-သန္တာ
»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««