ပညာရေးဝန်ကြီးဌာနမှ မြန်မာ့ပညာရေး ရုပ်သံလိုင်း စမ်းသပ်ထုတ်လွှင့်

ပညာရေးဝန်ကြီးဌာနမှ မြန်မာ့ပညာရေး ရုပ်သံလိုင်း (Myanmar Education Channel) ကို ၂၀၂၀ ပြည့်နှစ် မေလ ၄ ရက် မှစတင်ကာ စမ်းသပ်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

အဆိုပါ ရုပ်သံလိုင်းကို ရုံးဖွင့်ရက်တွေမှာ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ စမ်းသပ်ထုတ်လွှင့်သွားမှာ ဖြစ်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရဲ့ channel အမှတ် (၇) မှ ဖမ်းယူကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

DVB T2 set top box, DVB T2 Tuner ပါဝင်တဲ့ LCD, LED Flat TV တွေကို Antenna ဖြင့်ချိတ်ဆက်ကာ လည်းကောင်း Analog TV (Tube) ကို Set top Box နဲ့ချိတ်ဆက် ကြည့်ရှုပါက Aspect Ratio ရွေးချယ်ကာ လည်းကောင်း ဖမ်းယူကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

-သန္တာ

စာဖတ်ပရိတ်သတ်ကြီးထဲမှာ Twitter သုံးတဲ့သူတွေရှိလား? https://twitter.com/internetjournal မှာလည်း အင်တာနက်ဂျာနယ်က တင်ဆက်ပေးနေတဲ့ သတင်းတွေဖတ်လို့ရတယ်နော် . . .