ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ ဆင့်ပွားဆွေးနွေးပွဲကျင်းပ

ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ ဆင့်ပွားဆွေးနွေးပွဲ (အခြေခံပညာကဏ္ဍ) အခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက် (ယနေ့) နံနက် ၉ နာရီခွဲက ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ တောင်ငူခရိုင်၊ တောင်ငူပညာရေးကောလိပ်၊ မြတ်ပညာခန်းမမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပညာရေးသင်ယူမှုအခွင့်အလမ်း ပိုမိုမြင့်မားရေးအတွက် ယနေ့ခေတ်တွင် Industrial Revolution-IR 4.0 နှင့် လိုက်လျောညီထွေဖြစ်သောပညာရေးသည် Education 4.0 ဖြစ်ပါကြောင်း၊ Industrial Revolution-IR 4.0 နှင့် လိုက်လျောညီထွေဖြစ်သော ပညာရေးဖြစ်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ Education 4.0 တွင် သင်ယူသူတစ်ဦးချင်းသည် ဗဟိုဖြစ်ပါကြောင်း၊ သင်ယူခြင်းသည် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ အရည်အသွေးရှိသည့် ပညာရေးစနစ်တွင် သင်ယူပြီးရင်းသင်ယူနေရပြီး ဘဝတစ်သက်တာ သင်ယူကြရမည်ဖြစ်ပါကြောင်း၊ သင်ယူသူတစ်ဦးချင်းစီကို ဗဟိုပြုပြီး သင်ယူတတ်မြောက်မှု အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ပါကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရာတွင် သင်ရိုးညွှန်းတမ်းများပြုပြင်ပြောင်းလဲခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်းခြင်းများကိုဆောင်ရွက်ပြီး အရည်အသွေးရှိသောပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် (KG+12) သူငယ်တန်း+ တစ်ဆယ့်နှစ်တန်းပညာရေးအတွက် ဘာသာစုံသင်ရိုးညွှန်းတမ်းစာအုပ်များအားလုံး ပြီးစီးမှာဖြစ်တယ်လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

-သန္တာ