ပညာရေးနှင့် ခိုင်မာသောအနာဂတ် အခွင့်အလမ်းများဆိုင်ရာ ဟောပြောပွဲကျင်းပမည်

ဆွစ်ဇာလန်နိုင်ငံ Business& Hotel Management School ရဲ့“ပညာရေးနှင့် ခိုင်မာသောအနာဂတ် အခွင့်အလမ်းများဆိုင်ရာ”ဟောပြောပွဲကို YIUS Institute မှ ဦးစီးကျင်းပသွားမယ်လို့ သိရပါတယ်။

ဟောပြောပွဲကို အောက်တိုဘာ ၂၇ ရက်၊ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ Novotel Hotel (Eureka Room) မှာ ကျင်းပသွားမှာပါ။ ကျောင်းသားတွေအတွက် နိုင်ငံတကာ အလုပ်အကိုင်အခွင့်အလမ်းများ၊ အနာဂတ်အတွက် လုပ်ငန်းခွင်ဆိုင်ရာပြင်ဆင်ခြင်းများနှင့် အာမခံချက်ပေးနိုင်သော (Guaranteed Paid Internship) အလုပ်သင်လစာရ အစီအစဉ်များအကြောင်းကို ဆွစ်ဇာလန်နိုင်ငံ Business & Hotel Management School ( BHMS ) မှ Mr. Simon Wellfare ( Head of Career & Internship Services ) ကိုယ်တိုင် လာရောက်ပြောကြားပေးမှာ ဖြစ်ပါတယ်။

ပွဲတက်ရောက်လိုသူတွေ အနေနဲ့ ဖုန်း – ၀၉၂၆၂၂၂၅၁၅၁၊ ၀၁-၆၅၂၃၁၁၊ ၀၁-၆၅၂၂၉၇ ကို ဆက်သွယ်စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ