ပညာရေးနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များကို စောင့်ကြည့်ပေးရန်လိုအပ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တိုက်တွန်း

လက်ရှိဖြစ်ပေါ်နေတဲ့ ရောဂါအခြေအနေများကြောင့် ပညာရေးနှင့်ပတ်သက်သော ထုတ်ပြန်ချက်များကို စောင့်ကြည့်ပေးရန်လိုအပ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တိုက်တွန်းထားပါတယ်။

အခြေခံပညာကျောင်း‌တွေရဲ့အောင်စာရင်းများထုတ်ပြန်ရာမှာ နောက်ကျမှုများရှိနေပြီး ဇွန်လတွင်ဖွင့်လှစ်လျက် ရှိသော အခြေခံပညာကျောင်းများသည်လည်း ရောဂါအခြေအနေပေါ်မူတည်၍ အပြောင်းအလဲများ ရှိလာနိုင်တယ် လို့ သိရပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများထုတ်ပြန်ကြေညာချက်များနှင့် ပတ်သက်၍ ယခုအခါတွင် အဖြေလွှာစစ်ဆေးရန်ပင် အခက်အခဲများစွာ ရှိနေသလို တက္ကသိုလ်များတွင် ရောဂါအခြေအနေကြောင့် စာမေးပွဲ အချို့ကို ဖြေဆိုနေလျက်ပင် နားလိုက်ခြင်းများရှိတာကြောင့် ပညာရေးနှင့်ပတ်သက်၍ ထိခိုက်မှုများ မဖြစ် ပေါ်စေရန် ဆောင်ရွက်နေကျကြောင်းလည်း သိရပါတယ်။

ကိုယ်ပိုင်ကျောင်းများအနေဖြင့်လည်း ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များ ရှိမှသာ ပြန်လည်၍ ကျောင်းများဖွင့်မှာဖြစ်ကြောင်းနဲ့ ကျောင်းတွေရဲ့ ကြေညာချက်ထုတ်ပြန်ခြင်းများကို ဂရုစိုက်ပေးကြရန် လိုအပ်ကြောင်း သိရပါတယ်။ ဒါပြင် ကျောင်းပိတ်ရက်ကာလအတွင်း အခြေခံဆရာဆရာမ သိန်းကျော်တက်ရောက်ရမယ့် သင်ရိုးသစ် သင်တန်းတွေကိုလည်း လက်ရှိအချိန်မှာ ယာယီရပ်နားထားရတယ်လို့လည်း ပညာရေးဝန်ကြီး ဌာနကနေ သိရပါတယ်။

-ဝေဝေ

အင်တာနက်ဂျာနယ်ရဲ့ နောက်ဆုံးရ သတင်းတွေကို Viber မှာ ဖတ်ချင်ရင်တော့ 👉 https://vb.me/internetjournalcommunity 👈 ဖော်ပြထားတဲ့ လင့်ခ်လေးကို နှိပ်လိုက်ပြီး ဖတ်ရှုနိုင်ပါပြီ…