ပညာဒါန အခြေခံတရုတ်ဘာသာစကား သင်တန်းဖွင့်လှစ်မည်

ပညာဒါနအနေဖြင့် အခမဲ့သင်ကြားသော အခြေခံတရုတ်ဘာသာစကား (4 Skills) သင်တန်းကို နိုဝင်ဘာလ ၁ ရက်တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခုဖွင့်လှစ်ခြင်းမှာ ၂၆ ကြိမ်မြောက်ဖြစ်ကြောင်း ကွမ်းရင်းစန်းတာ့ပိန် တရုတ်ဗုဒ္ဓဘာသာ ပရိယတ္တိစာသင်တိုက်မှ သိရသည်။

သင်တန်းကို အောက်တိုဘာလ ၂၂ ရက်မှ ၃၁ ရက်အတွင်း ရယူလျှောက်ထား နိုင်မည်ဖြစ်ပြီး လူဦးရေ ကန့်သတ်ထားကြောင်းသိရသည်။ သင်တန်းချိန်မှာ စနေ၊ တနင်္ဂနွေ နေ့လယ် ၁၂ နာရီ မှ မွန်းလွဲ ၁ နာရီခွဲ အထိနှင့် ညနေ ၃ နာရီ မှ ၄ နာရီခွဲအထိဖြစ်ပြီး သင်တန်းကာလ ၃ လ ကြာမြင့်မည်ဖြစ်သည်။ သင်တန်းတက်ရောက်မည့်သူများအနေဖြင့် လိုင်စင်ဓာတ်ပုံ ၂ ပုံ ယူဆောင်လာရမည်ဖြစ်ပြီး သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက အမှတ်-၁၃၆၊ ရွှေဂုံတိုင်လမ်း (ယုဇနဟိုတယ်ဘေး)၊ ဗဟန်းမြို့နယ်၊ ဖုန်း-၀၉၄၅၀၀၀၆၃၃၃ တွင် ဆက်သွယ်စုံစမ်းနိုင်သည်။