ပညာဒါနဓာတ်ပုံပညာသင်တန်းကို အွန်လိုင်းမှဖွင့်လှစ်မည်

ပညာကုသိုလ်အစီအစဉ် အဖြစ် Stay at home ကာလမှာ အိမ်မှာနေရင်း Fundamental of Digital Photography 1 Online Class (FDP-1) Online Class ကို အခမဲ့ လေ့လာသင်ကြားနိုင်မယ်လို့ KKDPC ဓာတ်ပုံသင်တန်းကျောင်းမှ သိရပါတယ်။

သင်တန်းကို DSLR / Bridge / Mirrorless ကင်မရာ တစ်လုံးကို ယခုမှ စတင်ဝယ်ယူထားပြီး ကျွမ်းကျင်စွာ အသုံးမပြုနိုင်သေးတဲ့သူများ၊ ခရီးသွားဓာတ်ပုံ၊ မိသားစုသုံး ၊လုပ်ငန်းသုံးရန် ကင်မရာ တစ်မျိူးမျိုးကို ဝယ်ယူရန် ရည်ရွယ်ထားသူများ အတွက် အဝယ်မမှားစေဖို့နဲ့ အခြေခံ ဓာတ်ပုံပညာကို ကင်မရာ မဝယ်ခင်ကတည်းက ကြိုတင် သင်ကြား သိရှိထားစေရန်၊ ဓာတ်ပုံပညာကို အမှန်တကယ် စိတ်ဝင်စားပြီး စနစ်တကျ ယခုမှ စတင်လေ့လာ သင်ကြားလိုသူများ တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ DSLR Camera အမျိုးမျိူးနဲ့ ကင်မရာများ ကိုင်တွယ်အသုံးပြုခြင်း၊ Aperture, Shutter, ISO, Exposure, EV, P S A M modes, Metering, Focusing, Histograms, Exposure Compensation, BKT/AEB, RGB/sRGB, White Balance (WB) How to take a good photo? (Basic) ပုံကောင်းတစ်ပုံ ရိုက်ကူးခြင်း စတာတွေကို ပညာဒါန အခမဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

သင်တန်းကို အောက်တိုဘာလ ၁ ရက်မှ စတင် သင်ကြားမှာဖြစ်ပြီး စိတ်ဝင်စားစွာနဲ့ သင်ခန်းစာတွေကို လိုက်ပါ လေ့ကျင့်နိုင်သူ၊ လက်တွေ့ သင်ခန်းစာများကို အောင်မြင်သူ ဖြစ်ပါက Fundamental of Digital Photography 2 Online Class (FDP-2) , Fundamental of Digital Photography 3 Online Class (FDP-3) သင်တန်းတွေကိုပါ အခမဲ့ ဆက်လက် တက်ရောက်ခွင့် ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အသေးစိတ်ကို ဖုန်း – ၀၉ ၂၀၄၂၅၅၅ ကို စုံစမ်းမေးမြန်းနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««