
Samsung ဟာ Galaxy အမှတ်တံဆိပ် ထုတ်ကုန်တွေကို တိုးချဲ့နေပါတယ်။ အခုဆိုရင် အရာဝတ္ထုတွေကို ခြေရာခံပေးနိုင်တဲ့ Tile လိုမျိုး ထုတ်ကုန်တစ်မျိုးကို ဖန်တီးနေပါတယ်။
အဲဒီထုတ်ကုန်က မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ Samsung ရဲ့ SmartThings Find လုပ်ဆောင်ချက်နဲ့ ဆောင်ရွက်နိုင်ပါတယ်။ SmartThings Find ဟာ Galaxy ထုတ်ကုန်တွေကို တိကျစွာ ရှာဖွေနိုင်ပြီး အသစ်ထွက်မယ့် Galaxy Smart Tag နဲ့လည်း တွဲသုံးနိုင်ပါမယ်။
Galaxy Smart Tag ဟာ ထုတ်ကုန်တွေကိုပဲ ခြေရာခံပေးမှာပါ။ Galaxy Smart Tag ကိုတော့ မော်ဒယ်နံပါတ် El-T5300 နဲ့အင်ဒိုနီးရှားအာဏာပိုင်တွေက ခွင့်ပြုချက် ထုတ်ပေးထားပါတယ်။
စိုးထက်
Ref: GSMArena
»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««