နှလုံးခုန်နှုန်း ခြေရာခံနည်းပညာအတွက် Apple ကို ဆရာဝန်တစ်ဦး တရားစွဲဆို

Apple Watch အတွင်းက နှလုံးခုန်နှုန်းခြေရာခံတဲ့ နည်းပညာဟာ သိပ္ပံနည်းကျစစ်တမ်းတွေအတွက် အသုံးဝင်ပြီး လူ့အသက်ကို ကယ်ဆယ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီနည်းပညာမူပိုင်ခွင့်နဲ့ပတ်သက်ပြီး ဆရာဝန်တစ်ဦးက ကုမ္ပဏီကို တရားစွဲဆိုလိုက်ပါတယ်။

နှလုံးသွေးကြောတွေကို ခြေရာခံမှုအတွက် မူပိုင်ခွင့်တင်ထားတဲ့ နည်းလမ်းတွေကို ချိုးဖောက်မှုနဲ့ Apple ကို နယူးယောက်တက္ကသိုလ်က နှလုံးရောဂါကုထုံးပညာရှင် ဒေါက်တာဂျိုးဆက်ဝီဆယ်ကတရားစွဲဆိုခဲ့ပါတယ်။ Apple ရဲ့နည်းပညာမှာ ဝီဆယ်ရဲ့ နည်းပညာပါဝင်နေတယ်လို့ ကာယကံရှင်ကပြောကြားထားပါတယ်။

ဝီဆယ်အနေနဲ့ ပုံမှန်ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းတိုင်းတာမှု နည်းပညာကို ၁၉၉၉ခုနှစ်ကတည်း လုပ်ကိုင်နေခဲ့ပါတယ်။ ၂၀၁၇ခုနှစ် စက်တင်ဘာလမှာ ဝီဆယ်ဟာ ကိုယ်ပိုင် မူပိုင်ခွင့်အသေးစိတ်ကို Apple ဆီဝေမျှခဲ့ပါတယ်။ ဒါပေမဲ့ကုမ္ပဏီက ညှိနှိုင်းဖို့ ငြင်းဆိုခဲ့တဲ့အတွက် တရားစွဲတာဖြစ်တယ်လို့ ဝီဆယ်ကပြောခဲ့ပါတယ်။

မူပိုင်ခွင့်ကြေးမပေးဘဲ နှလုံးသွေးကြောခြေရာခံမှုကို အသုံးပြုနေတဲ့ Apple ကိုရပ်တန့်ဖို့ ဆရာဝန်ဂျိုးဆက်ဝီဆယ်က မျှော်လင့်ထားပါတယ်။

-စိုးထက်
Ref: Engadget