နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန် တိုင်းတာပေးတဲ့ Lava Pulse ခလုတ်ဖုန်း

Lava ကုမ္ပဏီကတော့ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တိုင်းတာပေးတဲ့ ခလုတ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ Lava Pulse အမည်ရ ခလုတ်ဖုန်းကတော့ အိန္ဒိယရူပီး ၁,၉၄၉ (၂၆ ဒေါ်လာ) ကျသင့်ပါမယ်။
ဖုန်းကျောဘက် ကင်မရာဘေးမှာ sensor တွေပါဝင်လာပါတယ်။ အဲဒီ sensor အပေါ်ကို လက်ချောင်းတင်လိုက်တာနဲ့ သွေးပေါင်ချိန် ရလဒ်ကို ထွက်ပေါ်လာပါမယ်။ ဒါပေမဲ့ လက်ချောင်းအခြေခံ သွေးပေါင်ချိန်တိုင်းတာမှုက တိကျမှု မရှိပါဘူး။

မျက်နှာပြင် အရွယ်က ၂.၄ လက်မ (240x 320px) ရှိပြီး ကုမ္ပဏီထုတ် ဖုန်း software ကိုအသုံးပြုထားပါတယ်။ Storage ကတော့ 32GB အထိ တိုးချဲ့နိုင်ပြီး FM နားထောင်တာနဲ့ အသံဖမ်းတာ၊ နားကြပ်ပေါက်လည်း ပါဝင်လာပါတယ်။

ဘက်ထရီကတော့ 1,800mAh ဖြစ်ပြီး ၆ ရက်အသုံးပြုနိုင်ပါတယ်။ ဖုန်းဆင်းမ်ကတ်က 2G ချိတ်ဆက်မှုနဲ့ နှစ်ကတ်အသုံးပြုနိုင်ကာ အင်တာနက် အသုံးမပြုနိုင်ပါဘူး။ Bluetooth ပါဝင်လာပါတယ်။

-စိုးထက်
Ref: GSMArena

အင်တာနက်ဂျာနယ်ကနေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာကနေတစ်ဆင့် Subscription လုပ်ထားလိုက်ပါ……