နှစ်အနည်းငယ်အတွင်း Apple ရောင်းအားအကောင်းဆုံး iPhone 12

iPhone 12 ဟာ ထွက်ရှိတဲ့ ပထမဆုံးအပတ်မှာတင် လွန်ခဲ့တဲ့ ၃ နှစ်အတွင်း အခြား Apple ဖုန်းတွေထက် ရောင်းအားကောင်းတယ်လို သုတေသနကုမ္ပဏီတစ်ခုက ဖော်ပြခဲ့ပါတယ်။

ဈေးနှုန်းအမြင့်ဆုံး ဗားရှင်းက Apple ထုတ်ကုန်တွေထဲ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ iPhone 12 mini ရောင်းအားကလည်း လူတွေကို အံ့အားသင့်စေခဲ့ပါတယ်။ Funny Analytics သုတေသနကုမ္ပဏီက မိုဘိုင်း application တစ်သန်းကျော် အသုံးပြုခဲ့ပြီး တစ်လမှာ မိုဘိုင်းဖုန်း၂ ဘီလျံ အချက်အလက်တွေကို ထောက်ပံ့ခဲ့တယ်။ လူတွေက iPhone 12 စီးရီးမော်ဒယ်တွေကို စတင်ရောင်းချချိန်မှာ ဘယ်လို အသုံးပြုမလဲ ဆိုတာကို စောင့်ကြည့်ခဲ့ပါတယ်။ iPhone 12 နဲ့ iPhone 12 Pro ကတော့ အောက်တိုဘာ လလယ်မှာ ထွက်လာပြီး iPhone 12 Pro Max နဲ့ iPhone 12 mini ကတော့ နိုဝင်ဘာလလယ်မှပဲ ရောင်းချခဲ့ပါတယ်။

ဒီနှစ် iPhone 12 စီးရီးဖုန်း ရောင်းချတဲ့ ရက်သတ္တပတ်တွေအတွင်း အသုံးပြုသူ ၁.၉ ရာခိုင်နှုန်း ရှိပြီး ပြီးခဲ့တဲ့ ၂ နှစ် အတွင်း တိုးတက်လာပါတယ်။ မနှစ်ကတော့ iPhone 11 စီးရီးအသုံးပြုသူ ၁.၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က iPhone XS နဲ့ XR စီးရီးအသုံးပြုသူ ၁.၆ ရာခိုင်နှုန်း ရှိပါတယ်။

စတင်ရောင်းချတဲ့ ရက်အတွင်း ရာခိုင်နှုန်းအများဆုံး ထုတ်ကုန်ကတော့ အရွယ်ကြီးတဲ့ iPhone 12 Pro Max ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၇ လက်မ မော်ဒယ်ကတော့ iPhone 12 စီးရီး စတင်ရောင်းချတဲ့ ပထမအပတ်မှာပဲ ၀.၉၄ ရာခိုင်နှုန်း အထိ ပါဝင်လာပါတယ်။

စိုးထက်
Ref: Cultofmac

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««