နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်မယ့် Xiaomi Mi 10 Pro Plus

ဒီလဟာ Xiaomi အတွက် ထူးခြားတဲ့လဖြစ်ပြီး Xiaomi Mi 1 ပထမဆုံးစမတ်ဖုန်း မိတ်ဆက်ခဲ့တာ (၁၀) နှစ် ပြည့်မြောက်ခဲ့ပါပြီ။ Xiaomi ရဲ့ (၁၀) နှစ်ပြည့် အထိမ်းအမှတ် ဖြစ်ပြီး ဩဂုတ် ၁၁ ရက်မှာ Xiaomi Mi 10 Pro Plus ကို မိတ်ဆက်သွားပါမယ်။

Xiaomi အနေနဲ့ ဖုန်းသစ်အမည်ကို တရားဝင် အတည်မပြုသေးပါဘူး။ ဒါပေမဲ့ သတင်းအချက်အလက် ဖော်ထုတ်သူတွေက Xiaomi Mi 10 Pro Plus လို့ ပြောခဲ့ကြပါတယ်။ Xiaomi ကတော့ Commemorative Edition လို့ခေါ်ပါတယ်။ ဖုန်းမှာ Snapdragon 865+ chipset ပါဝင်ပြီး Mi 10 Pro ကို အပြောင်းအလဲ လုပ်လာဖွယ်ရှိပါတယ်။

ဖုန်းမှာ 108MP ကင်မရာ၊ UFS 3.0 storage နဲ့ LPDDR5 RAM အပြင် 50W အားသွင်းမြန်ဆန်စနစ်တို့ ပါဝင်လာပါတယ်။

ကောလာဟလသတင်းတွေအရ Xiaomi က 55W အားသွင်းစနစ် ထည့်သွင်းနိုင်ပါတယ်။

-စိုးထက်
Ref: GSMArena