နှစ်စဉ်ကျင်းပမြဲဖြစ်သော SD Symposium 2020 ကို Online Symposium အနေဖြင့် ကျင်းပပြုလုပ်ခဲ့

SCG က နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ SD Symposium 2020 ကို နိုဝင်ဘာလ ၉ ရက် က Online Symposium အနေနဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ Online စာတမ်းဖတ်ပွဲအခမ်းအနားမှာ SCG က Circular Economy ကိုလက်ခံတဲ့ မိတ်ဖက်အဖွဲ့အစည်း ၁၈၀ နှင့်ပေါင်းစည်း၍ ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင် အရေးပေါ်အခြေအနေကို ကိုင်တွယ်ဖြေရှင်းခြင်းတွင် မိုးခေါင်ခြင်း၊ ဆင်းရဲမွဲတေမှု၊ PM 2.5 ဖုန်မှုန့်နှင့် စွန့်ပစ်ပစ္စည်းဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်း ၄ ခုကိုတင်ဆက်ခဲ့ပါတယ်။

“SCG Green Choice” အရ ဖောက်သည်များနှင့် ပတ်ဝန်းကျင် လိုအပ်ချက်များကို ဖြည့်ဆည်းရန် ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများကို ဖွံ့ဖြိုးစေရန် တီထွင်ဆန်းသစ်မှုဆိုင်ရာ ပေါင်းစည်းမှုနှင့်အတူ နည်းပညာများကို ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းမှ အလေးပေး လုပ်ဆောင်လျက်ရှိပြီး “Green Living and Green Society” သို့ ဦးတည်ပြီး“ အမှိုက်မှရွှေအဖြစ်သို့ပြောင်းလဲစေ” အမည်ရှိ လှုပ်ရှားမှုဖြင့် လူမှုအသိုက်အဝန်းကို အကျိုးပြုသွားမယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««