နှစ်ကုန်ထွက်ရှိမယ့် ၁၃ လက်မ ARM အခြေခံ Apple MacBook Pro

Apple ဟာ ဒီတစ်ပတ်မှာပြုလုပ်မယ့် Worldwide Developers ကွန်ဖရင့်မှာ ကုမ္ပဏီရဲ့ ပထမဆုံး ARM အခြေခံ MacBook ကိုမိတ်ဆက်မယ်လို့ Apple လေ့လာဆန်းစစ်သူ မင်ချီကူကပြောခဲ့ပါတယ်။ Apple က ARM အခြေခံ မော်ဒယ် ၅ ခု ထုတ်လုပ်မှာဖြစ်ပြီး ၁၃ လက်မ MacBook Pro နဲ့ iMac ဒီဇိုင်းသစ်တို့ ပါဝင်တယ်လို့ မီချီကူမှတ်စုအရ သိရပါတယ်။

Apple ဟာ Mac ကွန်ပျူတာတွေအတွက် ကိုယ်တိုင်ထုတ် ချစ်ပ်တွေ အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ၂၀၁၄ ခုနှစ်ကလည်း ကိုယ်ပိုင်ချစ်ပ် အသုံးပြုထားတဲ့ iPad ကို ထုတ်ဖော်မိတ်ဆက်ခဲ့တယ်။ အဲ့သတင်းက ကာလရှည် ကောလာဟလဖြစ်နေပြီး Apple က ကွန်ပျူတာတချို့မှာ Intel ပရိုဆက်ဆာချစ်ပ်တွေ ဖယ်ရှားသွားပါမယ်။ Apple နဲ့ Intel ဟာ ၂၀၀၅ ခုနှစ်က ပူးပေါင်းမှုကြောင့် MacBook Air laptop လိုမျိုး ထုတ်ကုန်တွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Mac ကွန်ပျူတာတွေမှာ ကိုယ်ပိုင်ချစ်ပ်အသုံးပြုလာတာနဲ့ Apple က ပိုမို သေးငယ်ပါးလွှာပြီး တာရှည်ခံတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်မယ့်စိတ်ကူး ဖြစ်ပေါ်လာနိုင်ပါတယ်။ Apple ဒီဇိုင်းထုတ်ထားတဲ့ ပရိုဆက်ဆာ အသုံးပြုထားတဲ့ ပထမဆုံးမော်ဒယ်ကတော့ ARM အခြေခံ ၂၄ လက်မ မျက်နှာပြင်ပါဝင်တဲ့ iMac ဖြစ်ပြီး စတုတ္ထသုံးလပတ်မှာ ထွက်ရှိပါမယ်လို့ မင်ချီကူက ခန့်မှန်းထားပါတယ်။

စိုးထက်
Ref: CNET