နေအိမ်လုံခြုံရေးအတွက် ဈေးနှုန်းအသက်သာဆုံး ထုတ်ကုန် ၆ ခု

နေအိမ်တစ်လုံး လုံခြုံစေဖို့ ကြိုတင်ကာကွယ်တားဆီးမှုက အကောင်းဆုံးပါပဲ။ ပိတ်ရက်အတွင်း ခရီးသွားလာသူတွေအနေနဲ့ နေအိမ်လုံခြုံဖို့ စီမံထားနိုင်ပါတယ်။ နေအိမ်လုံခြုံရေးအတွက် စမတ်အိမ်သုံး ပစ္စည်းတွေဟာ ဈေးနှုန်းသက်သာလာပါပြီ။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ ဒေါ်လာ ၂၀ လောက် သုံးစွဲရုံနဲ့ နေအိမ်လုံခြုံရေးသုံး ထုတ်ကုန်များစွာကို ရရှိနိုင်ပါတယ်။ အဲဒီထုတ်ကုန်တွေထဲက အကောင်းဆုံး ထုတ်ကုန်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Wyze Bulb

နေအိမ်တွင်းမှာ အိမ်စောင့်ရှိနေတဲ့အခါ ဖောက်ထွင်းဝင်ရောက်သူတွေအတွက် အတားအဆီးဖြစ်စေပါတယ်။ ဒါကြောင့် နေအိမ်တွင်း လုံခြုံဖို့ မီးဖိုချောင်နဲ့ ဧည့်ခန်း၊ ဆင်ဝင်အောက်ထဲမှာ စမတ်မီးလုံးတွေ ထည့်သွင်းပြီး ညအခါအချိန်မှန်မီးလင်းစေအောင် စီမံထားနိုင်ပါတယ်။

ဒါကြောင့် သုံးစွဲသူအနေနဲ့ Wyze bulb ကိုဝယ်ယူသင့်ပါတယ်။ Wyze bulb မီးသီးက တစ်လုံး ၈ဒေါ်လာ ကျသင့်မှာ ဖြစ်ပြီး ၄လုံးဆို ဒေါ်လာ ၃၀ပဲကျသင့်မှာဖြစ်ပါတယ်။ သာမန် LED မီးသီးထက် ပိုမိုတဲ့ လုပ်ဆောင်ချက်ပါဝင်ပါတယ်။ သုံးစွဲသူက Wi-Fi ကွန်ရက်နဲ့ တိုက်ရိုက် ချိတ်ဆက်နိုင်ပါတယ်။

Armo လုံခြုံရေးကင်မရာအတု

တစ်ကယ်လို့ သုံးစွဲသူက ငွေကြေးအများကြီး သုံးစွဲစရာမလိုဘဲ လုံခြုံရေးကင်ရာတွေ တပ်ဆင်ချင်တယ်ဆိုင် Armo ကိုအသုံးပြုထားပါတယ်။ Armo ပုံတူကင်မရာ ၄လုံးကို ဒေါ်လာ ၂၀အောက်နဲ့ ဝယ်ယူနိုင်ပါတယ်။Armo ထုတ်ကုန်ရဲ့အားနည်းချက်ကတော့ နေအိမ် ဖောက်ထွင်းခံရတဲ့အခါ သတိပေးဖို့ စောင့်ကြည့်ရေး alarm ကိုတပ်ဆင်ဖို့ လိုအပ်ပါတယ်။

Wyze Cam

သုံးစွဲသူတွေက နေအိမ်လုံခြုံရေးအတွက် ဈေးနှုန်းသက်သာတဲ့ လုံခြုံရေးကင်မရာကို ဝယ်ယူနိုင်ပါတယ်။ စမတ်ထုတ်ကုန်တွေနဲ့ ကြိုးမဲ့ လုံခြုံရေး feature အများစု ဈေးနှုန်းကြီးမြင့်ပေမယ့် ဒေါ်လာ၂၀အောက် လုံခြုံရေး ကင်မရာတွေလည်း ရှိပါတယ်။ Wyze Cam ကတော့ ဈေးနှုန်းသက်သာပြီး လူအဝင်အထွက်သတိပေးချက်ပါဝင်ကာ cloud storage ကတော့ ၁၄ရက်တာရှည်ခံပြီး အဆက်မပြတ်မှတ်တမ်းတင်မှုအတွက် SD card ပေါက်တစ်ခု ပါဝင်လာပါတယ်။

Wyze Sense

နေအိမ်တွင်းက အခန်းတစ်ခန်းက ဖြစ်ပျက်နေတာကို မှတ်တမ်းတင်လိုသူတွေအတွက် Wyze Sense ကိုအသုံးပြုသင့်ပါတယ်။ ဒေါ်လာ ၂၀ တန် Wyze Sense ဟာ Wyze Wi-Fi ကင်မရာနဲ့ချိတ်ဆက်ပြီး ဆက်သွယ်မှု ပြုလုပ်နိုင်ကာ sensor ၂ခုနဲ့ motion sensor တစ်ခုပါဝင်လာပါတယ်။ ဒါမှမဟုတ် အခန်းငယ်လေးထဲမှာ နေထိုင်သူတွေအနေနဲ့ အိမ်ရှေ့နဲ့ အိမ်နောက်ကို စောင့်ကြည့်မယ်ဆိုရင် Wyze Sense ကအသင့်တော်ဆုံးဖြစ်ပါတယ်။

Amazon Echo Dot

Amazon Echo Dot မှာ Alexa Guard ပါဝင်ပြီး နေအိမ်က အသံတစ်စုံတစ်ရာကို နားထောင်ကာ အကြောင်းပြန်ကြားပေးပါတယ်။ Echo Dot ကမှန်ကွဲတာ၊ alarm မြည်တာဒါမှမဟုတ် အိမ်ထဲမှာ လူတွေ ဝင်ထွက်သွားလာတဲ့ အသံတွေကို နားထောင်ပေးနိုင်ပါတယ်။

Retrofit lock

အိမ်ငှားရမ်းနေထိုင်သူတွေအတွက် နေအိမ်လုံခြုံရေးအတွက် ထုတ်ကုန်တွေ တပ်ဆင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် retrofit lock လို့ခေါ်တဲ့ မူလလက်ဟောင်း ဂျက်တွေကိုပဲ တပ်ဆင်အသံးပြုနိုင်ပါတယ်။ အဲဒီလော့ခ်တွေက Wi-Fi နဲ့ချိတ်ဆက်စရာမလိုပါဘူး။ အိမ်ကိုဖောက်ထွင်းမယ့် သူတွေအနေနဲ့ Wi-Fi ချိတ်ဆက်ထားတဲ့ ထုတ်ကုန်တွေကို ကျော်လွှားပြီး အိမ်ထဲကျူးကျော်နိုင်ပါသေးတယ်။ မူလလက်ဟောင်း လော့တွေကတော့ အတိုင်းအတာအထိ လုံခြုံမှုပေးပါတယ်။

စိုးထက်
Ref: CNET