နေပြည်တော် မိုဘိုင်း လုပ်ငန်းရှင်များ အသင်းမှ နည်းပညာမျှဝေခြင်း သင်တန်းပြုလုပ်မည်

နေပြည်တော် မိုဘိုင်း လုပ်ငန်းရှင်များ အသင်းမှ နည်းပညာအဖွဲ့ဝင်များဦးစီး၍ နည်းပညာ မျှဝေခြင်းသင်တန်းကို နိုဝင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိပြုလုပ်မယ်လို့ သိရပါတယ်။

နေပြည်တော်မိုဘိုင်းလုပ်ငန်းရှင်အသင်းဝင်နဲ့ အခြားမြို့နယ်ဒေသမှ မိုဘိုင်းလုပ်ငန်းရှင်အသင်းဝင်များအတွက် သင်တန်းကြေး အခမဲ့ဖြစ်ပြီး ပြင်ပမှတတ်ရောက်လိုသူများအတွက် သင်တန်းကြေး ငါးသောင်းကျပ် ကောက်ခံမှာ ဖြစ်တယ်လို့ နေပြည်တော်မိုဘိုင်းလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ကိုချမ်းမြေ့ဇော်က ပြောပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ နေပြည်တော်မိုဘိုင်း လုပ်ငန်းရှင်များ အသင်း ဖုန်း ၀၉ ၉ ၇၇၉ ၀၆၂၅၅၊ ၀၉ ၂၅၉ ၄၈၄၀၄၆၊ ၀၉၄၄၂၀၇၄၇၀၄၊ ၀၉ ၄၄၈၅၄၅၀၂၁ ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ