နေပြည်တော် ကွန်ပျူတာလုပ်ငန်းရှင်များအသင်း ဖြစ်မြောက်ရေးအတွက် အစည်းအဝေးကျင်းပ

နေပြည်တော် ကွန်ပျူတာလုပ်ငန်းရှင်များအသင်း (MCIA NAYPYITAW) ဖြစ်မြောက်ရေး အတွက် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ မန္တလေးပါရာဒိုက် စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။

နေပြည်တော်ကွန်ပျူတာလုပ်ငန်းရှင်များအသင်းကို မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်း (MCIA)မှ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကွန်ပျူတာလုပ်ငန်းရှင်များအတွက် လာရောက်ဖွဲ့စည်းပေးမှာဖြစ်ပြီး အသင်းဖွဲ့စည်းရေးအတွက် လိုအပ်တာတွေကို ကနဦး လာရောက်တွေ့ဆုံဆွေးနွေးတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်း (MCIA) အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့မှာ ဖွဲ့စည်းထားပြီး အသင်းသား ၁၁၀၀ ကျော်ပြီဖြစ်တယ်လို့ သိရပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကွန်ပျူတာလုပ်ငန်းရှင်တွေအနေနဲ့ အသင်းဖွဲ့စည်းရေးကို MCIA နဲ့ ပူးပေါင်းလုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

-ကျော်ဇေယျ