နိုဝင်ဘာ ၂ ရက်မှာ မိတ်ဆက်မယ့် Realme Watch S

Realme ကတော့ မေလမှာ Realme Watch ကိုမိတ်ဆက်ခဲ့ပြီး ၂၀၂၀ စတုတ္ထသုံးလပတ်မှာတော့ Watch S Pro ကိုမိတ်ဆက်သွားပါတယ်။

အခုဆိုရင် Realme ကတော့ နိုဝင်ဘာ ၂ ရက်မှာ Pro မော်ဒယ်မဟုတ်တဲ့ Watch S ကိုမိတ်ဆက်သွားမယ်လို့ twitter ကနေ ကြေညာခဲ့ပါတယ်။Tweet ကနေ ကြေညာခဲ့တဲ့ ပုံထဲမှာ Watch S ဒီဇိုင်း၊ နာရီမျက်နှာပြင်နဲ့ လက်ပတ်ကြိုးအရောင်ကိုလည်း ဖော်ပြခဲ့ပါတယ်။

Watch S မှာတော့ ၁.၃ လက်မအရွယ် မျက်နှာပြင်ကို အသုံးပြုထားပြီး အလိုအလျောက် brightness နဲ့ ၁၅ ရက်ကြာ အသုံးပြုနိုင်မယ့် ဘက်ထရီ ပါဝင်လာပါတယ်။ အားကစား mode ၁၆ ခု ပါဝင်လာပြီး နှလုံးခုန်နှုန်းနဲ့ သွေးအောက်ဆီဂျင် ပမာဏကိုလည်း တိုင်းတာပေးပါမယ်။

-စိုးထက်
Ref: GSMArena

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««