နိုဝင်ဘာ ၁၇ မှာ ARM ထောက်ပံ့ထားတဲ့ ပထမဆုံး Mac ကို Apple မိတ်ဆက်နိုင်

Apple ဟာ နိုဝင်ဘာလအတွင်း ဆီလီကွန်ထောက်ပံ့ထားတဲ့ MacBook တွေကို မိတ်ဆက်နိုင်ပါတယ်။

Apple Macbook တွေဟာ Intel ထောက်ပံ့မှု မယူဘဲ ကိုယ်ပိုင် ဆီလီကွန်ချစ်ပ်တွေကို ထုတ်လုပ်မယ်လို့ WWDC ပွဲမှာ ကြေညာခဲ့ပါတယ်။ နောက်ပိုင်း Apple ဟာ Apple A12Z Bionic အခြေခံ Developer Transition Toolkit အခြေခံတဲ့ Mac mini ကိုပဲ မိတ်ဆက်ခဲ့ပါတယ်။

သတင်းအချက်အလက် ဖော်ထုတ်တဲ့ ဂျွန်ပရိုဆာကတော့ နိုဝင်ဘာလ ၁၇ ရက်မှာ ARM Mac ပွဲပြုလုပ်မယ်လို့ ဖော်ထုတ်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၀ ရက်မှာ ပွဲပြုလုပ်မယ့်သတင်းကို အတည်ပြုမယ်လို့လည်း ပြောခဲ့ပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««