နိုဝင်ဘာ ၁၂ ရက်မှာ ဒေါ်လာ ၄၀၀ နဲ့ ရောင်းချမယ့် PlayStation 5

Sony ကတော့ PlayStation 5 အွန်လိုင်းမိတ်ဆက်ပွဲမှာ ဂိမ်းစက် ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်ကို တရားဝင် ကြေညာသွားပါတယ်။ ဒါ့အပြင် PS5 ဂိမ်းစက်ကို ကြိုတင် မှာယူခွင့်ပြုလိုက်ပြီး Blu-ray ထည့်သွင်းရတဲ့ ဗားရှင်းကတော့ ဒေါ်လာ ၅၀၀ ကျသင့်ပြီး ဒီဂျစ်တယ်ဗားရှင်းကတော့ ဒေါ်လာ ၄၀၀ ပဲကျသင့်ပါမယ်။ ဂိမ်းစက် ၂ မျိုးစလုံးကို နိုဝင်ဘာ ၁၂ ရက်မှာ စတင် ရောင်းချပေးသွားပါမယ်။

Sony ကတော့ Microsoft ရဲ့ Xbox Series X နဲ့ Series S မိတ်ဆက်အပြီး ဂိမ်းစက်တွေကို တရားဝင် ထုတ်ဖော်ပြသခဲ့ပါတယ်။ Microsoft ရဲ့ Series X နဲ့ Series S ကတော့ နိုဝင်ဘာ ၁၀ ရက်နေ့ ထွက်ရှိလာမှာ ဖြစ်ပြီး ၄၉၉ ဒေါ်လာနဲ့ ၂၉၉ ဒေါ်လာကျသင့်ပါမယ်။

Sony ကတော့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ disk မပါတဲ့ PS5 က Blu-ray PS5 နဲ့ ချစ်ပ်တူညီပြီး စွမ်းဆောင်ရည်တူညီတယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် Sony က ဒေါ်လာ ၇၀ တန် DualSense ကြိုးမဲ့ခလုတ်နဲ့ Pulse 3D ကြိုးမဲ့ headset အတွက် ဒေါ်လာ ၁၀၀ စတဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ PS5 ဂိမ်းခွေကတော့ ဂိမ်းအပေါ်မူတည်ပြီး ဒေါ်လာ ၅၀ ကနေ ဒေါ်လာ ၇၀ အထိ ကျသင့်ပါမယ်။

စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««