နိုဝင်ဘာ ၁၂ ရက်မှာ ထွက်လာမယ့် macOS Big Sur

Apple ဟာ Big Sur အမည်ရ macOS 11.0 ကိုအသုံးပြုမယ်လို့ သိရပါတယ်၊ ကုမ္ပဏီအနေနဲ့ macOS Big Sur ကိုတော့ ဇွန်လ developer ကွန်ဖရင့်မှာ စတင် မိတ်ဆက်ခဲ့ပြီး ဩဂုတ်လမှာ public beta ဖြန့်ချိခဲ့ပါတယ်။ Apple ရဲ့ M1 laptop ချစ်ပ်ထောက်ပံ့ပေးထားတဲ့ ပထမဆုံး macOS ဖြစ်လာပါတယ်။ macOS Big Sur ကို download လုပ်လို့ရပြီး iOS ဆီက ဒီဇိုင်းနဲ့ ရသပိုင်းကို ယူထားပါတယ်။

Big Sur မှာ စိတ်ကြိုက် ပြင်ဆင်နိုင်တဲ့ Control Center ဖြစ်ပြီး brightness toggle, Do Not Disturb နဲ့ အခြား settings ပါဝင်လာပါတယ်။ သတိပေးချက်တွေနဲ့ widget ကိုမြင်နိုင်မယ့် notifications center လည်း ပါဝင်လာပါတယ်။ ဒါ့အပြင် interface ကလည်း iOS လိုပဲ ကြည်လင်ပါတယ်။ အခြား အပြောင်းအလဲတွေကတော့ desktop နောက်ခံပေါ် မူတည်ပြီး ရှည်လျားတဲ့ menu bars, font အရောင် ပြောင်းလဲနိုင်ပါတယ်။

Mail နဲ့ Photos app တချို့မှာ ဒီဇိုင်းအပြောင်းအလဲ လုပ်ထားပြီး OS မှာ Mac အတွက် Maps ဗားရှင်းအသစ်လည်း ပါဝင်လာပါတယ်။ အဲဒီ update မှာ စိတ်ကြိုက် ပြင်ဆင်ထားတဲ့ Guides, ၃၆၀ ဒီဂရီ တည်နေရာဗျူးအပြင် စက်ဘီးနဲ့ လျှပ်စစ်ယာဉ်လမ်းညွှန်မှုတွေ ပါဝင်လာပါတယ်။

Big Sur မှာတော့ privacy အသားပေး လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။ Safari မှာတော့ Privacy Report လို့ခေါ်တဲ့ ပြီးခဲ့တဲ့တစ်လကျော် အတွင်း browser ကပိတ်ထားတဲ့ cross-site trackeer စာရင်းပြုစုထားပါတယ်။ ဒါ့အပြင် Safari က password လုံခြုံစွာသိမ်းထားနိုင်ပြီး အချက်အလက်ပေါက်ကြားမှုမှ ပါဝင်တဲ့ password တွေကို ခြေရာခံမိရင် လုံခြုံအောင် လုပ်ပေးဖို့ အကူအညီပေးပါမယ်။

စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««