နိုဝင်ဘာလ ၁၃ရက်မှာ မိတ်ဆက်မယ့် Motorola ရဲ့ RAZR ဖုန်း

Motorola ဟာနာမည်ကျော် RAZR ဖုန်းကို ခေါက်စမတ်ဖုန်းအဖြစ် ပြန်လည်မိတ်ဆက်မယ့်သတင်း ဒီနှစ်အစောပိုင်းမှာ ထွက်ပေါ်လာပါတယ်။

Motorola အနေနဲ့ ဒီနှစ်မှာ မိတ်ဆက်မယ့်ခေါက်စမတ်ဖုန်းကို လုပ်ကိုင်နေတယ်လို့ ဖေဖော်ဝါရီလက အတည်ပြု ခဲ့ပါတယ်။ အခုဆိုရင် Motorola ဟာ RAZR V3 ဖုန်းကို နိုဝင်ဘာ ၁၃ ရက်နေ့ ပြုလုပ်မယ့်ပွဲမှာ မိတ်ဆက်မယ်လို့ animation နဲ့အမြည်းမိတ်ဆက်လိုက်ပါတယ်။

RAZR ရဲ့အမှတ်လက္ခဏာဖြစ်တဲ့ သီးခြားပတ္တာဒီဇိုင်းကို မြင်တွေ့ရဖွယ်ရှိကာ Samsung ရဲ့ Galaxy Fold လိုမျိုး စစ်မှန်တဲ့ ခေါက်စမတ်ဖုန်းကို တွေ့ရဖွယ်ရှိပါတယ်။Motorola ဟာ RAZR မိတ်ဆက်ပွဲအတွက် tagline အမျိုးမျိုးကို အသုံးပြုထားပါတယ်။ ဖိတ်ကြားလွှာထဲမှာ tagline ၂ခုကို အသုံးပြုထားပါတယ်။

စိုးထက်
Ref: TheVerge