နိုဝင်ဘာလမှာ Among Us ဂိမ်းကစားသူ ဘီလျံဝက်နီးပါးရှိ

နိုဝင်ဘာလအတွင်း Among us ဂိမ်းကစားသူ ဘီလျံဝက်ခန့် ရှိတယ်လို့ သိရပါတယ်။

Among Us ဂိမ်းဟာ လစဉ်ကစားသူ များပြားတဲ့ မိုဘိုင်းဂိမ်းလည်း ဖြစ်ပြီး Pokemon GO နဲ့ Candy Crush Saga တို့ထက် ကစားသူ များပါတယ်။ Nielsen ရဲ့ SuperData အရ လစဉ်ကစားသူချင်း ယှဉ်ရင် အလွန်ရေပန်းစားတဲ့ဂိမ်းလို့ ပြောထားပါတယ်။ ဂိမ်းဖန်တီးတဲ့ InnerSloth မှာ ဝန်ထမ်း ၄ ဦး ရှိပါတယ်။ Among Us ဂိမ်းကစားသူ ၁၂၅ သန်းမှာ လူတစ်ယောက်က ဂိမ်းအတွက် အလုပ်လုပ်တဲ့ ပမာဏနဲ့ ညီမျှပါတယ်။ Among Us ဂိမ်းဟာ အလွန်ရေပန်းစားသွားတဲ့ အဆက်ထွက်မယ့် အစီအစဉ်ကို InnerSloth ကဖျက်သိမ်းခဲ့ပြီး မူလဂိမ်းကိုပဲ တိုးတက်အောင် လုပ်ဖို့ပဲ အာရုံစိုက်ခဲ့ပါတယ်။

လွှတ်တော်အမတ်ဖြစ်တဲ့ အဲလက်ဇန်ဒါရီယာ အိုကာစီယိုကော်တက်ဇ်ကလည်း လူတွေဆီက မဲရရှိဖို့ တိုက်ရိုက်ထုတ်လွှင့်ပြီး Among Us ဂိမ်းကို ကစားပြခဲ့ပါတယ်။ သူမ ဂိမ်းကစားတဲ့ ဗီဒီယိုကိုတော့ Twitch မှာကြည့်ရှုသူ လေးသိန်းကျော် ရှိပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««