နိုဝင်ဘာလမှာ ထွက်ရှိမယ့် Netflix စီးရီး (၅) ခု

Netflix ကတော့ နိုဝင်ဘာလမှာ ပရိသတ်အကြိုက်တွေ့စေမယ့် စီးရီးတွေ ဖြန့်ဖို့ ရှိပါတယ်။ မကြာခင်မှာ ရုံးပိတ်ရက်လည်း ရောက်ရှိတော့မှာ ဖြစ်သလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးရှောင်ကြဥ်နေရတဲ့အတွက် လူတွေ အိမ်မှာနေထိုင်နေရပါတယ်။ ဒါကြောင့် စိတ်ငြီးငြူမှုတွေကို ဖြေဖျောက်စေမယ့် Netflix စီးရီးအသစ်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Dash & Lily

အချစ်ဟာသဇာတ်မြူးစီးရီး တစ်ခု ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၀ ရက်မှာ ထွက်ရှိမယ့် စီးရီးမှာ အပိုင်းတစ်ပိုင်းကို မိနစ် ၃၀ စာရှိပြီး ၈ ပိုင်း ပါဝင်ပါမယ်။ ဒီစီးရီးကတော့ ရေချယ်ကိုလ်နဲ့ ဒေးဗစ်လီဗိုင်ရာသန်ရဲ့ Dash & Lily’s Book of Dares စာအုပ်ကို အခြေခံထားပါတယ်။ စာအုပ်ကတော့ ၃ အုပ်တွဲ ထွက်ထားပါတယ်။ ဒါကြောင့် နောက်ထပ် season ၂ ခုလည်း ထွက်ပါအုံးမယ်။ ဇာတ်လမ်းကတော့ အခက်အခဲဆုံးအချိန် ဖြတ်သန်းနေကြသူတွေရဲ့ မျှော်လင့်ချက် အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီး ကပ်ရောဂါ မတိုင်မီက စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ မြို့ပြအခြေအနေကို ပြန်လည် မြင်တွေ့ရပါမယ်။

The Liberator

Animation မီနီစီးရီးတစ်ခု ဖြစ်ပြီး ဒုတိယကမ္ဘာစစ်က အပြင်းထန်ဆုံး တိုက်ပွဲတစ်ခုအကြောင်းကို ရိုက်ကူးထားပါတယ်။ နိုဝင်ဘာ ၁၁ ရက် စစ်မှုထမ်းဟောင်းနေ့မှာ ထွက်ရှိပါမယ်။ အပိုင်း ၄ ပိုင်း ပါဝင်ပြီး တစ်ပိုင်းကို ၄၅ မိနစ် ကြာမြင့်မယ်လို့ သိရပါတယ်။

The Crown

ပရိသတ်တွေ နှစ်သက်ကြတဲ့ အပိုင်း ၁၀ ပိုင်းပါတဲ့ စတုတ္ထ season ကတော့ နိုဝင်ဘာ ၁၅ ရက်မှာ ထွက်လာပါမယ်။ ဒီစီးရီးကတော့ ဒိုင်ယာနာ တော်ဝင်မင်းသမီးနဲ့ ချားစ်မင်းသားအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Holiday Home Makover with Mr. Christmas

ကပ်ရောဂါကြောင့် အိမ်မှာပဲ နေထိုင်ရတာကြောင့် နေချင်စဖွယ်ဖြစ်အောင် အလှဆင်နည်းကိုလည်း သင်ကြားထားသင့်ပါတယ်။ နိုဝင်ဘာ ၁၈ ရက်မှာ Mr. Christmas လို့ သိကြတဲ့ ဘင်ဂျမင်ဘရတ်လေက အိမ်အလှဆင်နည်းတွေ အကြံပေးမယ့် စီးရီး ဖြစ်ပါတယ်။ အပိုင်း ၄ ပိုင်း ပါဝင်တဲ့ စီးရီးမှာ အိမ်အလှဆင်ကျွမ်းကျင်သူ Mr.Christmas တွေ သင်ကြားပြသပေးပါမယ်။

Virgin River

အချစ်ဒရာမာ Virgin River ရဲ့ season အသစ်ကတော့ နိုဝင်ဘာ ၂၇ ရက်မှာ ထွက်လာပါမယ်။ အပိုင်း ၁၀ ပိုင်း ပါဝင်တယ်လို့ သိရပါတယ်။ အခု season မှာတော့ မယ်လင်ဒါမွန်ရိုးက Virgin River နဲ့ ဒေါက်တာရဲ့ ဆေးပေးခန်းကို ပြန်လာတဲ့အကြောင်း ရိုက်ကူးထားပါတယ်။

-စိုးထက်
Ref: Forbes

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««