
Microsoft ရဲ့ xCloud ဂိမ်းဝန်ဆောင်မှုကတော့ နိုင်ငံ ၂၂ ခုမှာ တရားဝင် ထွက်ရှိလာပါတယ်။ နိုင်ငံ ၂၂ ခုထဲမှာ အမေရိကန်၊ ကနေဒါ၊ ဥရောပနိုင်ငံအများစု၊ ယူကေနဲ့ တောင်ကိုရီးယားတို့ ပါဝင်လာပါတယ်။
အစောပိုင်းမှာတော့ ဂိမ်းပေါင်း ၁၅၀ ကျော်ကို Android စမတ်ဖုန်း၊ ကွန်ပျူတာ၊ tablet ဒါမှမဟုတ် Xbox ဂိမ်းစက်ကနေ တိုက်ရိုက် ကစားနိုင်ပါမယ်။ Xbox Game Pass Ultimate ဝန်ဆောင်မှုသစ်ကတော့ တစ်လ ၁၄.၉၉ ဒေါ်လာ ကျသင့်ပြီး Xbox ဂိမ်းစက်မလိုဘဲ Microsoft ကနေ ဂိမ်းတွေကို stream လုပ်နိုင်ပါမယ်။ ဒါပေမဲ့ Xbox ဂိမ်းခလုတ် ဒါမှမဟုတ် အခြား ကိုက်ညီတဲ့ဂိမ်းခလုတ်ကို ဝယ်ဖို့ လိုအပ်ပါတယ်။
အခု cloud gaming ကတော့ beta အဆင့်ပဲ ရှိသေးတယ်လို့ Microsoft ကပြောထားပါတယ်။
-စိုးထက်
Ref: GSMArena