နိုင်ငံရေးဆိုင်ရာ ကြော်ငြာအားလုံးကို Twitter ပိတ်ပင်

နိုင်ငံရေးကြော်ငြာအားလုံးကို Twitter ကပိတ်ပင်သွားတော့မှာ ဖြစ်ပါတယ်။ “အင်တာနက်ကြော်ငြာတွေက စီးပွားဖြစ်ကြော်ငြာရှင်တွေအတွက် အလွန် ခွန်အားကြီးသလို ထိရောက်မှုရှိပါတယ်။ အဲဒီအာဏာက နိုင်ငံရေးမှာ မမှန်းဆနိုင်လောက်တဲ့ ဘေးအန္တရာယ်ကို ယူဆောင်လာတယ်” လို့ Twitter အမှုဆောင်အရာရှိချုပ် ဂျက်ဒိုဆေးက ပြောခဲ့ပါတယ်။
မကြာသေးခင်က Twitter ပြိုင်ဘက် Facebook ကလည်း နိုင်ငံရေးကြော်ငြာတွေ အပေါ် ပိတ်ပင်မှုကို လက်မခံခဲ့ပါဘူး။

နိုင်ငံရေးဆိုင်ရာ ကြော်ငြာတွေ ပိတ်ပင်မှုဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် အမေရိကရဲ့နိုင်ငံရေးအဖွဲ့တွေ သဘောထားကွဲလွဲနေပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲလှုံ့ဆော်မှု မန်နေဂျာဖြစ်သူ ဘရတ်ပါစကယ်က “ထရမ့်နဲ့ ကွန်ဆာဗေးတစ်တွေကို နှုတ်ဆိတ်စေဖို့ လက်ဝဲယိမ်းတွေရဲ့ နောက်ထပ်အားထုတ်မှုတစ်ခု” လို့ ပိတ်ပင်မှုနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ပါတယ်။

ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ် ဦးဆောင်နေသူ ဂျိုးဘိုင်ဒင် ရွေးကောက်ခံရရေး လှုံ့ဆော်ရေး ပြောရေးဆိုခွင့်ရှိသူ ဘေးရပ်ဆိုက “ဒေါ်လာနဲ့ ဒီမိုကရေစီဂုဏ်သိက္ခာ အကြား ရွေးချယ်စရာ ဖြစ်လာခဲ့ရင် ငွေကြေးက အနိုင်မရရှိဖို့ အားပေးတဲ့လုပ်ရပ်ပါ” လို့မှတ်ချက်ချခဲ့ပါတယ်။

Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ်ကလည်း နိုင်ငံရေးကြော်ငြာပိတ်ပင်မှုနဲ့ ပတ်သက်ပြီး ကုမ္ပဏီရဲ့ ပေါ်လစီကို ကာကွယ်ခဲ့ပါတယ်။

“ဒီမိုကရေစီမှာ တစ်ဦးတည်းပိုင်ကုမ္ပဏီတွေက သတင်းတွေ ဒါမှမဟုတ် နိုင်ငံရေးသမားတွေကို ဆင်ဆာလုပ်တာ မမှန်ကန်ပါဘူး” လို့ ဂျာနယ်လစ်တွေနဲ့ ပြုလုပ်ခဲ့တဲ့ ကွန်ဖရင့်မှာ ပြောခဲ့ပါတယ်။
Twitter ရဲ့ပိတ်ပင်မှုက နိုဝင်ဘာ ၂၂ ရက်မှာ စတင်ကျင့်သုံးမှာ ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်မှာ နိုင်ငံရေးကြော်ငြာတွေနဲ့ ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: BBC