နိုင်ငံရေးကြော်ငြာ ယာယီပိတ်ပင်မှုကို Facebook တစ်လ သက်တမ်းတိုး

အမေရိကန်ရွေးကောက်ပွဲပြီးသွားပေမယ့် Facebook ကတော့ နိုင်ငံရေးကြော်ငြာနဲ့ လူမှုရေးပြဿနာ ကြော်ငြာတွေကို ယာယီပိတ်ပင်ထားပါသေးတယ်။ အခုအချိန်မှာတော့ Facebook က သတင်းအချက်အလက်မှားတွေ ထွက်လာနိုင်တဲ့ ရင်းမြစ်ကို ယာယီပိတ်ပင်ထားတာ ဖြစ်ပါတယ်။

အခုဆိုရင် နိုင်ငံရေးကြော်ငြာ ပိတ်ပင်မှုကို တစ်လထပ်တိုးလိုက်ပါတယ်။ အမေရိကန်ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်အနိုင်ရရှိပြီး ၄ ရက်အကြာမှာ အခုဆုံးဖြတ်ချက် ထွက်လာပါတယ်။ ဒါ့အပြင် ထရမ့်က ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်မခံဘူးလို့ ပြောကြားခဲ့ပြီး ၄ ရက်အကြာမှာ Facebook ကပေါ်လစီ ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

-စိုးထက်
Ref: TechCrunch

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««