နိုင်ငံပိုင် မီဒီယာ ကြော်ငြာတွေကို ပိတ်ပင်မယ့် Facebook

Facebook ဟာ ဒီနှစ်နွေရာသီအတွင်း အမေရိကန်အတွင်း နိုင်ငံပိုင်မီဒီယာတွေက ကြော်ငြာဝယ်ယူမှုကို စတင်ပိတ်ပင်မယ်လို့ ပြောခဲ့ပါတယ်။

နိုင်ငံပိုင်မီဒီယာတွေက post နဲ့ ကြော်ငြာတွေက ပွင့်လင်းမြင်သာမှုရှိစေဖို့ လေဘယ်အသစ်တွေကို ဖြန့်ချိပါမယ်။ မှားယွင်းစွာ လေဘယ်တပ်ခံရတဲ့ မီဒီယာတွေ အယူခံဝင်နိုင်တယ်လို့ သိရပါတယ်။ နိုင်ငံရပ်ခြားအစိုးရက ကြော်ငြာကို အသုံးပြုပြီး အမေရိကန်က သုံးစွဲသူအပေါ် လှည့်စားထားတဲ့ အကြောင်းအရာတွေကို အားပေးနေတဲ့ ဥပမာများစွာမမြင်ရပေမယ့် ၂၀၂၀ရွေးကောက်ပွဲမတိုင်မီ ကာကွယ်မှုများစွာ ပြုလုပ်ထားတာ ဖြစ်တယ်လို့ Facebook လုံခြုံရေးအကြီးအကဲဖြစ်သူ နသန်နီးရယ်ဂလေချာကပြောခဲ့ပါတယ်။

နိုင်ငံပိုင်မီဒီယာတွေဖြစ်တဲ့ ရုရှားရဲ့ Sputnik, တရုတ်ရဲ့ People’s Daily, အီရန်ရဲ့ Tasnim News Agency နဲ့အခြားမီဒီယာတွေကို လေဘယ်ကပ်ထားတာကို အမေရိကန်သုံးစွဲသူတွေ မြင်တွေ့ရပါမယ်။

-စိုးထက်
Ref: Axios