နိုင်ငံတော်အစိုးရ၏ လေးနှစ်တာကာလအတွင်း နိုင်ငံခြားပညာတော်သင် ၁၈၅၅၃ ဦး စေလွှတ်ပြီးဖြစ်

နိုင်ငံတော်အစိုးရ၏ လေးနှစ်တာကာလအတွင်း ၂၀၁၆ ခုနှစ် ဧပြီလ မှ ၂၀၂၀ ပြည့်နှစ် မတ်လ အထိ နိုင်ငံခြားပညာတော်သင် ၁၈၅၅၃ ဦး စေလွှတ်ပြီးဖြစ်တယ်လို့သိရပါတယ်။

ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီတို့ရဲ့ ခွင့်ပြုချက်နဲ့ ၂၀၁၆ ခုနှစ် ဧပြီလ မှ ၂၀၂၀ ပြည့်နှစ့် မတ်လထိ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ နှစ်အလိုက် နိုင်ငံခြားပညာတော်သင်များ စေလွှတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ၅၅ ဌာန မှ နိုင်ငံပေါင်း ၇၅ နိုင်ငံသို့ နိုင်ငံခြားပညာတော်သင် ၁၈၅၅၃ ဦး စေလွှတ်ပေးခဲ့ရာ ရိုးရိုးသင်တန်းများသို့ ၁၆၀၇၈ ဦး၊ ဘွဲ့ဒီပလိုမာ သင်တန်းများသို့ ၁၅၁ ဦး၊ မဟာဘွဲ့သင်တန်းများသို့ ၁၅၇၄ ဦး၊ ပါရဂူဘွဲ့သင်တန်းများသို့ ၇၅၀ ဦး စေလွှတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယသမ္မတနိုင်ငံသို့ ၄၀၃၂ ဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ၃၅၅၆ ဦး၊ ဂျပန်နိုင်ငံသို့ ၂၇၂၇ ဦး၊ ထိုင်းနိုင်ငံသို့ ၂၁၆၁ ဦး၊ ကိုရီးယားသမ္မတနိုင်ငံသို့ ၁၃၀၀ ဦး အသီးသီး စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

-သန္တာ

သတင်းတွေကို စာဖတ်စရာမလိုဘဲ အသံပဲ နားထောင်နိုင်တဲ့ https://anchor.fm/internetjournal ရှိတယ်နော် . . .