နိုင်ငံတကာ ပရိဘောဂဒီဇိုင်းပြိုင်ပွဲတွင် မြန်မာကျောင်းသားများပါဝင်ရန် ဖိတ်ခေါ်

ဟိုကိုင်းဒိုးပြည်နယ်၊ ဟီဂါရှီခါဝါမြို့မှာ ဗိသုကာပညာရှင် Mr. KUMA Kengo နဲ့အတူ ပူးပေါင်းပြီး နိုင်ငံတကာ ပရိဘောဂဒီဇိုင်းပြိုင်ပွဲ KAGU ကို ကြီးမှူးကျင်းပသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သိရပါတယ်။

သစ်သားခုံဒီဇိုင်း ခေါင်းစဥ်နဲ့ ပါဝင်ယှဥ်ပြိုင်ရမှာ ဖြစ်ပြီး မည်သည့် သစ်သားမဆို အသုံးပြုယှဥ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ အခြားပြိုင်ပွဲများမှာ ဝင်ရောက်ယှဥ်ပြိုင်ထားတဲ့ လက်ရာများကို လက်ခံမှာ မဟုတ်ကြောင်းနဲ့ လျှောက်လွှာတွေကို မတ်လ ၃၁ ရက် အထိ လျှောက်ထားနိုင်ပြီး ယှဥ်ပြိုင်သူတွေဟာ ကျောင်း၊ တက္ကသိုလ်တစ်ခုခုမှာ တက်ရောက်နေတဲ့ အသက် (၃၀) နှစ်နဲ့အောက် ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲကို လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကောင်းမွန်တဲ့လူနေမှုဘဝနဲ့ ထွက်ကုန်အရောင်းမြှင့်တင်ရေး အစရှိတဲ့ ဦးတည်ချက် ၃ ရပ် နဲ့ ကျင်းပတာ​ဖြစ်ပြီး ပထမဆုအနေနဲ့ ယန်း ၅၀ သောင်း၊ ထူးချွန်ဆုအနေနဲ့ ယန်း ၁၀ သောင်းနဲ့ နှစ်သိမ့်ဆု ၆ ဦးကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဖိုင်နယ်ပွဲနဲ့ ဆုပေးပွဲကို ဇွန် ၂၆ ရက်မှာ ဟီဂါရှီခါဝါမြို့၊ ဟိုကိုင်းဒိုးပြည်နယ်မှာ ကျင်းပသွားမှာဖြစ်ပြီးဆန်ခါတင်ပြိုင်ပွဲဝင် ၁၀ ဦး အနေနဲ့ ဖိုင်နယ်ပွဲနဲ့ ဆုပေးပွဲကို တက်ရောက်ရမှာဖြစ်ပါတယ်။ အသွားအပြန် ကုန်ကျစရိတ်အားလုံးကို သီးသန့်ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို https://www.kagu-higashikawa.jp/english/ မှာ ရယူနိုင်ပြီး အသေးစိတ်ကို official@kagu-higashikawa.jp သို့ အီးမေးလ်ပို့မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««