
ပရိသတ်တွေ အမျှော်လင့်ဆုံး ဒါရိုက်တာ ခရစ္စတိုဖာနိုရဲ့ Tentent ဇာတ်ကားကို အမေရိကန်မှာ မပြသခင် နိုင်ငံတကာမှာ ပြသမယ်လို့ Warner Bros. ကထုတ်ပြန်ခဲ့ပါတယ်။ ဆက်လက် ဖြစ်ပွားနေဆဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ထားရတဲ့အတွက် နိုင်ငံတကာမှာပဲ အရင်ပြသပါမယ်။
ဂျွန်ဒေးဗစ်ဝါရှင်တန်နဲ့ ရောဘတ်ပတ်တီဆန်တို့ ပါဝင်တဲ့ Tenet ဟာ ဩဂုတ်လ ၂၆ ရက်က စတင်ပြီး ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၇၀ ကျော်က ရုပ်ရှင်ရုံတွေမှာ ပွဲထွက်ပါမယ်။ ဩစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ စပိန်နဲ့ ယူကေ အပါအဝင် အဓိကနယ်မြေတွေမှာ ပြသပါမယ်။
အမေရိကန် အလုပ်သမားနေ့မှပဲ Tenet ကိုပြသသွားမယ်လို့ Warner Bros. က ကြေညာထားပါတယ်။
စိုးထက်
Ref: CNET