နိုင်ငံတကာကုန်သွယ်ရေးဘာသာရပ်ကို MDIS တွင် တက်ရောက်နိုင်

နိုင်ငံတကာကုန်သွယ်ရေးနှင့် လုပ်ငန်းလည်ပတ်မှုစီမံခန့်ခွဲမှုဘာသာရပ် Bachelor of Arts (Hons) International Trade and Operations Management ကို စင်ကာပူနိူင်ငံရှိ MDIS Business School မှာ လျှောက်ထားတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ ဘာသာရပ်ကို မြန်မာနိုင်ငံမှ တက္ကသိုလ်၀င်တန်းအောင်မြင်ထားသူများ၊ IGCSE အောင်မြင်ထားသူများ တက်ရောက်နိုင်ပြီး MDIS ကျောင်းမှာ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် လုပ်ငန်းလည်ပတ်မှုစီမံခန့်ခွဲမှု ဘာသာရပ်ကို အချိန် နှစ်နှစ်ခွဲကျော်တက်ရုံနဲ့ UK နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Plymouth မှ တိုက်ရိုက်ပေးအပ်တဲ့ ဘွဲ့ဒီဂရီကို ရရှိမှာဖြစ်ပါတယ်။ အင်္ဂလိပ်စာ ၀င်ခွင့်သတ်မှတ်ချက်အနေနဲ့ IELTS (5.5) ရှိရန်လိုအပ်ပါတယ်။

သက်ဆိုင်ရာ ဘာသာရပ်အလိုက် လက်တွေ့ခန်းများ သီးသန့်ထားရှိပေးထားတဲ့အတွက် ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေးကို များစွာ အထောက်အကူပြုလျက်ရှိပြီး Lab ခန်းများ၊ Studio ခန်းများ၊ Training Centre နဲ့ လှပသေသပ်တဲ့ Lecture Room များကိုလည်း စီစဉ်ထားရှိပေးထားတယ်လို့ သိရပါတယ်။ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် လုပ်ငန်းလည်ပတ်မှုစီမံခန့်ခွဲမှု ဘာသာရပ်ကို စိတ်၀င်စားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့ လိုအပ်တဲ့ ပညာရေးစာရွက်စာတမ်းများနဲ့ ၀င်ခွင့်လိုအပ်ချက်များကို အသေးစိတ် သိရှိလိုပါက STUDY ABROAD Information Centre (ရန်ကုန်ရုံး)၊ ဖုန်း (၀၉) ၅၁၅၁ ၀၀၈၊ (၀၉) ၇၃၂၄၂၄၀၄ ၊ (မန္တလေးရုံး) နဲ့ ဖုန်း (၀၉) ၄၂၀၀ ၉၉၉၉ ၇ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ